ပါကစ္စတန်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးကို သတ်သည့် ရဲသက်တော်စောင့်အား သေဒဏ်ပေး၊ ထောင်ပေါင်းများစွာ ဆန္ဒပြ

ပါကစ္စတန်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးကို သတ်သည့် ရဲသက်တော်စောင့်အား သေဒဏ်ပေး၊ ထောင်ပေါင်းများစွာ ဆန္ဒပြ

ပန်ဂျပ်၊ မတ် ၁ ။            ။ ပါကစ္စတန်နိုင်ငံတွင် ပန်ဂျပ်ပြည်နယ်အုပ်ချုပ်ရေးမှူးအား ပစ်သတ်သည့် ရဲသက်တော်စောင့်ဟောင်းအား ကွပ်မျက်သေဒဏ်ပေးခြင်းကြောင့် လူထောင်ပေါင်းများစွာ ဆန္ဒပြမှု ဖြစ်ပွားသည်။

၂၀၁၁ ခုနှစ်က အစ္စလာမ်မာဘတ်၌ ဘာသာရေးရိုင်းပျမှုကြောင့် အုပ်ချုပ်ရေးမှူး ဆာလမန်တာဆားအား သက်တော်စောင့် ကာဒရီက ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ဘာသာရေးစော်ကားသူကို ပစ်သတ်သည့် ကာဒရီအား အစ္စလာမ်အသိုင်းအဝန်းက သူရဲကောင်းသဖွယ် ကောင်းချီးပေးကြခြင်းဖြစ်သည်။

၎င်းအား ထောက်ခံသူများက ကရာချိ၊ လာဟိုး၊ အစ္စလာမ်မာဘတ်တို့တွင် လမ်းများပေါ်ထွက် ဆန္ဒပြကြပြီး အစ္စလာမ်မာဘတ်သို့ အဝင်လမ်းများကိုလည်း ပိတ်ဆို့ခဲ့ကြသည်။
သို့သော်လည်း ဆန္ဒပြစုရုံးမှုအများစုက ငြိမ်းငြိမ်းချမ်းချမ်းပင် လုပ်ဆောင်ကြခြင်းဖြစ်ကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြသည်။

လုံခြုံရေးတပ်ဖွဲ့များကို တပ်လှန့်ထားပြီး အဓိကရုဏ်းနှိမ်နှင်းရေးရဲများက အစ္စလာမ်မာဘတ်ရှိ ကာဒါရီအိမ် ပတ်ဝန်းကျင်တွင် နေရာချထားသည်။

တစ်ချို့သောဆန္ဒပြသူများက ကားတာယာများအား မီးရှို့ခြင်းနှင့် ကြွေးကြော်သံများ ဟစ်အော်ခြင်းများ လုပ်ဆောင်ကြသည်။ အစ္စလာမ်မာဘတ်နှင့် အနီးနားက ရာဝယ်ပန်ဒီမြို့တို့တွင် အကြမ်းဖက်မှုများ ပေါ်ပေါက်လာမည်စိုးရိမ်၍ ကျောင်းနှင့် ဈေးများကို ပိတ်ထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly