ပြည့်တန်ဆာရပ်ကွက်မှ အဆောက်အဦးများစွာကို အင်ဒိုနီးရှား ဖျက်ဆီး

ပြည့်တန်ဆာရပ်ကွက်မှ အဆောက်အဦးများစွာကို အင်ဒိုနီးရှား ဖျက်ဆီး

ရိုက်တာ၊ ဂျာကာတာ ဖေဖော်ဝါရီ ၂၉ ။           ။ ကမ္ဘာပေါ်တွင် မွတ်စလင်ဦးရေအများဆုံးရှိသည့် အင်ဒိုနီးရှားနိုင်ငံတွင် ပြည့်တန်ဆာလုပ်ငန်းရှင်းလင်းရေး ကြိုးပမ်းမှု၏ အစိတ်အပိုင်းအဖြစ် မြို့တော်၏ အကြီးမားဆုံးပြည့်တန်ဆာရပ်ကွက်ရှိ အဆောက်အဦရာပေါင်းများစွာကို ဖေဖော်ဝါရီ ၂၉က ဘူဒိုဇာများဖြင့် စတင်ဖြိုဖျက်နေပြီဖြစ်သည်။

ကာလရှည်ကြာစွာကတည်းက လိင်အလုပ်သမများရှိနေခဲ့သော ဂျာကာတာ၏ ကာလီဂျိုဒို ရပ်ကွက်သည် အင်ဒိုနီးရှားတွင် ပိတ်သိမ်းခဲ့သော ပြည့်တန်ဆာရပ်ကွက် ၇၀နီးပါးတွင် နောက်ဆုံးဖြစ်ရပ်ဖြစ် သည်။

ကျန်ရှိသော နောက်ထပ် ပြည့်တန်ဆာရပ်ကွက် ၁၀၀ခန့်ကို ၂၀၁၉တွင် အပြီးပိတ်သိမ်းရန် ဆန္ဒရှိသည်။ ပြည့်တန်ဆာလုပ်ငန်းသည် အင်ဒိုနီးရှားတွင် တရားမဝင်သော်လည်း မြို့ကြီးအများစုတွင် ပေါများ လျက်ရှိသည်။

လုံခြုံရေးတင်းကျပ်မှုနှင့်အတူယင်းရပ်ကွက်ရှိ အိမ်များ အဆောက်အဦများကို ဖျက်ဆီးနေသော ဘူဒိုဇာများကို တွေ့မြင်နေရပြီး ယင်းရပ်ကွက်ကို အုပ်ချုပ်ရေးမှူးက ပန်းခြံတစ်ခုအဖြစ်သို့ ပြောင်းလဲရန် လိုလားနေသည်။

ယခုလအစောပိုင်းက ကာလိဂျိုဒိုရပ်ကွက်တွင် အရက်မူးနေသည့် ကားမောင်းသူကြောင့် လူလေးဦးသေဆုံးသည့် မတော်တဆမှုဖြစ်ပွားခဲ့ရာ ဂျာကာတာအုပ်ချုပ်ရေးမှူး ဘာဆူကီတီဂျာဟာဂျာပါနာမာက ယင်းရပ်ကွက်ကို ပိတ်ပစ်ရန် အမိန့်ပေးခဲ့သည်။

ယင်းရပ်ကွက်နေသူ ၃,၀၀၀ခန့်ကို ရွှေ့ပြောင်းရန် အချိန်တစ်ပတ်ပေးခဲ့ပြီး အချို့အား အစိုးကထောက်ပံ့သည့် တိုက်ခန်းများသို့ နေရာချပေးခဲ့သည်။ နှင်ထုတ်ခံရသည့် လိင်အလုပ်သမများကိုလည်း အသက်မွေးဝမ်းကျောင်းသင်တန်းများပေးမည်ဟု သိရသည်။

သို့သော်လည်း ရွှေ့ပြောင်းပေးခံရသူအချို့မှာ အလုပ်ရရန် ခက်ခဲနေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly