ပေါ့ဂ်ဘာအတွက် ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်တို့ တွေ့ဆုံဆွေးနွေး

ပေါ့ဂ်ဘာအတွက် ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်တို့ တွေ့ဆုံဆွေးနွေး

အီတလီ၊ ဇွန် ၂၉။ ။ ဘာစီလိုနာအသင်းနှင့် ဂျူဗင်တပ်စ်အသင်းတို့သည် ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ၏ အပြောင်းအရွှေ့အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု အီတလီသတင်းစာ La Gazzetta က ဖော်ပြခဲ့သည်။ ထိုသတင်းကို သတင်းဝက်ဘ်ဆိုက်ပေါင်း များစွာကလည်း ဖော်ပြလျက်ရှိနေကြသည်။

La Gazzetta သတင်းစာက ဂျူဗင်တပ်စ်အသင်း၏ ဒါရိုက်တာ မာရော့တာနှင့် ဘာစီလိုနာအသင်း၏ အပြောင်းအရွှေ့ဂုရု ဘရာအီဒါတို့သည် မီလန်မြို့တွင် တွေ့ဆုံကာ အတူညစာစားခဲ့ပြီး ပေါ့ဂ်ဘာ၏ အကြောင်းကို ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြခဲ့သည်။

ထို့အပြင် ဘာစီလိုနာအသင်း၏ ဥက္ကဋ္ဌသစ်ရွေးကောက်ပွဲတွင် ဘာတိုမြူနှင့် လာပေါ်တာတို့မှ မည်သူအနိုင်ရသည်ဖြစ်စေ ပေါ့ဂ်ဘာကို ခေါ်ယူရန် ကြိုးပမ်းမည်မှာ သေချာကြောင်းလည်း ပါရှိသည်။
မန်စီးတီးအသင်းသည် ပေါ့ဂ်ဘာကို များပြားလှသည့် ပြောင်းရွှေ့ကြေးနှင့် လစာငွေတို့ဖြင့် ကမ်းလှမ်းခဲ့သော်လည်း ကစားသမားကိုယ်တိုင်က ဘာစီလိုနာအသင်းသို့သာ ပြောင်းရွှေ့ရန် စိတ်အားထက်သန်လျက်ရှိနေသည်ဟုလည်း ထိုသတင်းစာက ဆိုသည်။

သို့သော် ဘာစီလိုနာအသင်းသည် ၂၀၁၆ ခုနှစ် ဇွန်လအထိ အပြောင်းအရွှေ့ပိတ်ပင်ခံထားရသည်။ ထိုအချက်ကြောင့်ပင် ပေါ့ဂ်ဘာကို ဘာစီလိုနာအသင်းကခေါ်ယူရန် ကိစ္စရပ်မှာ ဆက်လက် ဖြစ်ပေါ်ခဲ့ရပြီး ဂျူဗင်တပ်စ်တွင် တစ်နှစ်ထပ်ကစားပြီးနောက် ဘာစီလိုနာသို့ ပြောင်းရွှေ့မည်ဟု La Gazzetta သတင်းစာက ဖော်ပြခဲ့သည်။

ရည်ညွှန်း ဖွတ်ဘောအီတာလီယာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly