အယ်လ်နီညိုအန္တရာယ်ကျရောက်ပါက ကူညီစောင့်ရှောက်မှုပေးနိုင်ရန် လိုအပ်က သင်တန်းများ ဖွင့်ပေးမည်

အယ်လ်နီညိုအန္တရာယ်ကျရောက်ပါက ကူညီစောင့်ရှောက်မှုပေးနိုင်ရန် လိုအပ်က သင်တန်းများ ဖွင့်ပေးမည်

မန္တလေး၊ ဖေဖော်ဝါရီ ၂၈ ။        ။ မန္တလေးတိုင်းဒေသကြီး၊ အယ်လ်နီညိုကျရောက်လာပါက ကူညီစောင့်ရှောက်မှုများ ပေးနိုင်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်နိုင်ရန်အတွက် လူမှုကူညီရေးအသင်းများမှ လိုအပ်ပါက သင်တန်းများ ဖွင့်လှစ်ပေးသွားမည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင်က ပြောသည်။

"သင်တန်းပေးဖို့ လိုအပ်တဲ့အသင်းတွေအနေနဲ့ ကျွန်တော်တို့ကိုဆက်သွယ်လာရင် သင်တန်းဖွင့်ဖို့စီစဉ်ပေးသွားမယ်။ဒီလိုသင်တန်းတွေ လုပ်ပေးရတယ်ဆိုတာက တစ်ချို့အသင်းတွေ အတွေ့ကြုံမရှိကြသေး။ တစ်ချို့အသင်းတွေက အတွေ့အကြုံရှိတယ်။ ကျရောက်လာတယ်။ ဖြစ်လာတယ်ဆိုရင် ချက်ခြင်းကူညီပေးနိုင်အောင်လို့ သင်တန်းဖွင့်ပေးဖို့စီစဉ်တာပါ။"ဟု ဒေါက်တာဝင်းလှိုင် ကပြောသည်။

အယ်လ်နီညိုဒဏ်ခံစားလာရပါက အစိုးရအဖွဲ့တစ်ခုတည်း အနေဖြင့် ပြည့်စုံစွာ ဆောင်ရွက်နိုင်ခြင်းမရှိခြင်းကြောင့် လူမှုရေးအသင်းများဖြင့် ပူးပေါင်ဆောင်ရွက်သွားမည်ဟု ဒေါက်တာဝင်းလှိုင်ကဆိုသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မြို့နယ်အဆင့်၊ ခရိုင်အဆင့် ဆေးရုံးများတွင်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသည်ဟု ဒေါက်တာဝင်းလှိုင်ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly