အိန္ဒိယတွင် ကျာင်းသားနှစ်ဦးအသတ်ခံရမှုကို ဆရာများက ကျုးလွန်ခြင်းဖြစ်သည်ဟုဆိုကာ ကျောင်းအုပ်ဆရာကြီးအား ရွာသားများက အုပ်စုလိုက် ရိုက်နှက်သတ်ဖြတ်

အိန္ဒိယတွင် ကျာင်းသားနှစ်ဦးအသတ်ခံရမှုကို ဆရာများက ကျုးလွန်ခြင်းဖြစ်သည်ဟုဆိုကာ ကျောင်းအုပ်ဆရာကြီးအား ရွာသားများက အုပ်စုလိုက် ရိုက်နှက်သတ်ဖြတ်

အိန္ဒိယနိုင်ံ ဘီဟာပြည်နယ်တွင် ကျောင်းသားနှစ်ဦးသေဆုံးမှုနှင့် ပတ်သက်ပြီး ကျောင်းရှိဆရာများက သတ်ဖြတ်သည် ဟုစွပ်စွဲ ကာ ကျေးရွာသားများက ကျောင်းအုပ်ဆရာကြီးကို လူအုပ်လိုက်ဝိုင်းဝန်းသတ်ဖြတ်ခဲ့ကြသည်။

 အဆိုပါဖြစ်ရပ်မှာ နာလန်ဒါခရိုင်အတွင်း ဖြစ်ပွားခြင်းဖြစ်ပြီး ကျောင်းအုပ်ဆရာကြီးဖြစ်သူ ဒီဝန်ဒရာပရာဆတ်ဆင်းဟာကို အမျိုးသားများတစ်စုက တုတ်များဖြင့် ကန်ကျောက်ရိုက်နှက်ခဲ့ကြခြင်းဖြစ်သည်။

ရေမြောင်းတစ်မြောင်းအတွင်း ကျောင်းသားနှစ်ဦး၏ ရုပ်အလောင်းကိုတွေ့ရှိပြီးနောက်တွင် ကျေးရွာသားများက ယခုကဲ့သို့ကျောင်း အုပ်ဆရာကြီးဖြစ်သူကို ရိုက်နှက်သတ်ဖြတ်ကြခြင်းဖြစ်သည်။

ရွာသားများက ယင်းကျောင်းရှိဆရာများက ကျောင်းသားနှစ်ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲကြသည်။ ထိုသို့လူသတ်မှုဖြင့် စွပ်စွဲထားကြသော်လည်း ဖမ်းဆီးမှုမရှိပေ။

မီရပူကျေးရွာတွင် မြောင်းတစ်ခုအတွင်းမှ ကျောင်းသားနှစ်ဦးဖြစ်သည့် ရာဝီနှင့် ဆာဂါတို့၏ ရုပ်အလောင်းကို တွေ့ရှိ ပြီးနောက် ဒေါသထွက်သည့် လူအုပ်ကြီးက ကျောင်းအုပ်ဆရာကြီးဖြစ်သူကို ဝိုင်းဝန်းသတ်ဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။

အခင်းဖြစ်စဉ်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု ရဲဌာနက ပြောပြီး ကျောင်းသားနှစ်ဦးသေဆုံးမှုတွင် ကျောင်းဆရာများ လက်ချက် ပါဝင်သည်ဟု သက်သေများ မတွေ့ရှိရကြောင်း ဖြည့်စွက်ပြောခဲ့သည်။

ဒေသတွင်း ရုပ်မြင်သံကြားချန်နယ်များတွင် ကျောင်းအုပ်ဆရာကြီးမှာ မျက်နှာဖြင့် မြေပေါ်မှောက်လဲနေစဉ် လူအုပ်က တုတ်များဖြင့် ရိုက်နှက်နေကြပုံကို မြင်တွေ့ရသည်။ ကျောင်းအုပ်ဆရာကြီးများ အရိုက်ခံရသည့် ဒဏ်ရာများကြောင့် ဆေးရုံ တွင်သေဆုံးခြင်းဖြစ်ကြောင်း ရဲကပြောသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly