အဝေးကွင်းသုံးပွဲဆက် ကစားရမည်က ရန်ကုန်အသင်းအတွက် ခက်ခဲမည်ဟု မာယန်သုံးသပ်

အဝေးကွင်းသုံးပွဲဆက် ကစားရမည်က ရန်ကုန်အသင်းအတွက် ခက်ခဲမည်ဟု မာယန်သုံးသပ်
မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၈)တွင် ရန်ကုန်နှင့် ဆောက်သမ်းတို့ယှဉ်ပြိုင်ကစားနေစဉ်။ (ဓာတ်ပုံ- ရန်ကုန်ယူနိုက်တက်)

ဖေဖေါ်ဝါရီ ၂၈၊ ရန်ကုန်။         ။ ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် လာမည့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၉)မှ စတင်ပြီး အဝေးကွင်း သုံးပွဲဆက်ကစားရမည့်အနေအထားမှာ ခက်ခဲမည်ဟု နည်းပြ မာယန်က သုံးသပ်ခဲ့သည်။

ရန်ကုန်အသင်းမှာ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၉)အဖြစ် ဇေယျာရွှေမြေအသင်းနှင့်အဝေးကွင်းပွဲစဉ်ကစားရမည် ဖြစ်ပြီး AFC Cup ပွဲစဉ်များအဖြစ် အိန္ဒိယကလပ် မိုဟန်ဘေဂန်၊ မော်လ်ဒိုက်ကလပ် မာဇီယာအသင်းတို့နှင့်ဆက်တိုက်ကစားရမည်ဖြစ်သည်။ “အသင်းအနေနဲ့ နောက်လာမယ့် ပွဲ ၃ပွဲ (ဇေယျာရွှေမြေ၊ မာဇီယာ၊ မိုဟန် ဘေဂန်) ဟာ အဝေးကွင်းတွေ ကစားရမှာမို့ ပိုပြီး ခက်ခဲစေပါတယ်။ ဒါပေမယ့် နိုင်ပွဲဆက်နေတာကို ထိန်းထားနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ။”ဟု မာယန်ကပြောသည်။

ရန်ကုန်အသင်းမှာ ရာသီအစ ၅ပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့သော်လည်း နောက်ဆုံးကစားခဲ့သောပွဲစဉ်ငါးပွဲတွင်မူ ငါးပွဲစလုံးအနိုင်ရအောင်ကစားထားနိုင်သည်။ လက်ရှိအချိန်တွင် ရန်ကုန်ယူနိုက်တက် အသင်းမှာ ပွဲစဉ်(၈)အပြီး၌ ၄ပွဲနိုင်၊ ၁ပွဲသရေ၊ ၃ပွဲရှုံးရလဒ်ရရှိထားပြီး ရမှတ် ၁၃မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် ၄ နေရာတွင်ရပ်တည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly