“ဘုရားပေါ်တက် ကခုန်တာနဲ့၊ ဘုရားအားလုံးအပေါ် တက်ခွင့် ပိတ်ပင်တဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ လုပ်ရပ်၊ မှန်သလား”

“ဘုရားပေါ်တက် ကခုန်တာနဲ့၊ ဘုရားအားလုံးအပေါ် တက်ခွင့် ပိတ်ပင်တဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ လုပ်ရပ်၊ မှန်သလား”
Bagan Photo by -epa

ပြီးခဲ့တဲ့ တစ်ပတ်က Facebook အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့ပြီး၊ နောက်ပိုင်း ပြည်သူတွေ စိတ်ဝင်စားလာတဲ့ သတင်းတစ်ပုဒ်ကတော့ ပုဂံယဉ်ကျေးမှု နယ်မြေက ဘုရားတစ်ဆူပေါ်မှာ အနောက်တိုင်း ဝတ်စုံဝတ် အမျိုးသားတစ်ချို့နဲ့ အမျိုးသမီးတစ်ချို့ ပျော်ပျော် ပါးပါး ကခုန်ခဲ့ကြတယ်ဆိုတဲ့ သတင်းပါ။ အဲဒီလို ကခုန်နေတဲ့ ဓာတ်ပုံတွေ Facebook ပေါ်တက် လာပြီး နောက်ပိုင်း ဝေဖန်ချက် အမျိုးမျိုး ထွက်ပေါ်လာတာ တွေ့ရသလို၊ ကခုန်ခဲ့တဲ့ ကုမ္ပဏီက ပြန်တောင်းပန်တာ၊ ယဉ်ကျေးမှု ဝန်ကြီးဌာနက အရေးယူတဲ့ စည်းကမ်းချက်တွေ ထုတ်တာ၊ အဲဒီ စည်းကမ်းတစ်ချို့ကို ပြန်ရုပ်သိမ်းတာ စတာတွေ တွေ့မြင်ကြရပါတယ်။ ယဉ်ကျေးမှု ဝန်ကြီးဌာန အပါအဝင် အာဏာပိုင်တွေဘက်က နိုင်ငံခြား ခရီးသည် အလာများတဲ့ ပုဂံယဉ်ကျေးမှု နယ်မြေက ဘုရားပုထိုးတွေနဲ့ ပတ်သက်ပြီး ဘယ်လို စီမံခန့်ခွဲ သင့်သလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွား ပါ့မယ်။

အဲဒီ ပုဂံယဉ်ကျေးမှု နယ်မြေက ဘုရားတစ်ဆူပေါ်မှာ ကခုန်ခဲ့တဲ့ ကုမ္ပဏီကတော့ Lucky Time Trading ကုမ္ပဏီဖြစ်ပြီး သူတို့ သွားရောက် ကခုန်ခဲ့တဲ့ ဘုရားကတော့ ပြဿကြီးဘုရားလို့ သိရပါတယ်။ ကုမ္ပဏီရဲ့ အများပြည်သူ သိအောင် တောင်းပန်ထားတဲ့ ထုတ်ပြန်စာမှာ ကုမ္ပဏီခရီးစဉ် ပြီးဆုံးပြီဖြစ်လို့ ပုဂံအလှအပနဲ့ ရှုခင်းတွေကို ခွဲခွာကာနီး နှုတ်ဆက်ရင်း ပျော်ရွှင်စွာ ကခုန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီ အပြုအမူဟာ ဘာသာရေးအရပဲဖြစ်ဖြစ် ယဉ်ကျေးမှုအရပဲဖြစ်ဖြစ် မသင့်လျော်တဲ့ အတွက် အနူးအညွတ် တောင်းပန်ပါတယ်ဆိုပြီး ဖော်ပြထားတာ ဖတ်ကြရပါတယ်။

ဒီဖြစ်ရပ်ဖြစ်ပြီး သိပ်မကြာခင်မှာပဲ ယဉ်ကျေးမှု ဝန်ကြီးဌာနဟာ ၂ဝ၁၆ မတ်လ ၁ ရက်နေ့ ကစပြီး ပုဂံက ဘုရားစေတီတွေ အားလုံး အပေါ်ကို နိုင်ငံခြားသားတွေနဲ့ အများပြည်သူ တက်ရောက် ခွင့် ပိတ်ပင်တဲ့ အမိန့် တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ပြောရရင် ယဉ်ကျေးမှု ဝန်ကြီးဌာနဟာ ဖြစ်ပေါ် လာတဲ့ ပြဿနာတွေကို တာဝန်ယူ၊ တာဝန်ခံမှုနဲ့ စနစ်တကျ ဖြေရှင်ဖို့ မကြိုးစားဘဲ အရင် စစ်အာ ဏာရှင်တွေခေတ်က လုပ်နည်းလုပ်ဟန်အတိုင်း ပြဿနာဖြစ်ရင်ပိတ်ပစ် ဆိုတဲ့ နည်းနာ ကျင့်သုံးခဲ့တာ တွေ့ရပါတယ်။ နောက်ပိုင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းနဲ့ အများြ ပည်သူတွေက ပြန်ပြီး ဝေဖန်ထောက်ပြမှုတွေ လုပ်လာတော့မှ ပုဂံဒေသက ရှေးဟောင်း အဆောက် အအုံတွေထဲက နေဝင်ချိန်မြင်ကွင်း ကောင်းမွန်တဲ့ ရွှေဆံတော်၊ ပြဿဒ်ကြီး၊ တောင်ဂူနီ၊ မြောက်ဂူနီ၊ သစ္စာဝတီ စတဲ့ ဘုရား(၅)ဆူရဲ့ ပစ္စယံတွေပေါ် ပြည်တွင်းပြည်ပ ဧည့်သည်တွေ တက်ရောက်ဖို့အ တွက် ပြန် ခွင့်ပြုပေးခဲ့ပါတယ်။

တကယ်တော့ ပုဂံယဉ်ကျေးမှု နယ်မြေထဲက ဘုရားတစ်ဆူပေါ်မှာ ခုလို ကခုန်တယ် ဆိုတာ မျိုးဟာ သိပ်ပြီး ထူးဆန်းတာမျိုးတော့ မဟုတ်ပါဘူး။ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ဝင်ငွေရအောင် သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ယဉ်ကျေးမှု အမွေအနှစ် အဆောက်အဦ၊ ဘာသာရေးဆိုင်ရာ အဆောက် အဦတွေကို နိုင်ငံတကာ ကမ္ဘာလှည့် ခရီးသည်တွေ လာစေချင်ကြသလို၊ ကိုယ့်ယဉ်ကျေးမှုနဲ့ လျော်ညီ တဲ့ စည်းကမ်းချက်တွေကို လိုက်နာစေချင်ကြတာကလည်း ဓမ္မတာပါပဲ။ ဒီအခါ သက်ဆိုင်ရာ နိုင်ငံအ သီးသီးက အာဏာပိုင်တွေ၊ ယဉ်ကျေးမှုဇုံ၊ အဆောက်အဦတွေကို စီမံခန့်ခွဲသူတွေကလည်း နိုင်ငံတ ကာ မိသားစုတွေလည်း လာရောက် လည်ပတ်နိုင်စေ၊ ကိုယ့် ယဉ်ကျေးမှု ဓလေ့ ထုံးတမ်း စဉ်လာ တွေကိုလည်း ထိမ်းသိမ်းစေ ဆိုတဲ့ အချက်တွေနဲ့ ကိုက်ညီအောင် စီမံ ခန့်ခွဲကြရပါတယ်။

ကမ္ဘောဒီးယားက ကမ္ဘောကျော် အန်ကောဝပ် ဘုရားကျောင်းတော် တည်ရှိရာ ဆီယမ်ရိက ယဉ်ကျေးမှုနယ်မြေ ဆိုရင် အတော့်ကို ကျယ်ဝန်းပါတယ်။ အဲဒီအထဲမှာ ဟော်တယ်တွေအပါအဝင် လူနေ အဆောက်အဦတွေ လုံးဝ ဆောက်လုပ်ခွင့် မပေးပါဘူး။ ဈေးဆိုင်တွေ ရှိပေမယ့် မနက်ဝင်၊ လူတွေ ည ပြန်ထွက် စနစ် ကျင့်သုံးခိုင်းပါတယ်။ ယဉ်ကျေးမှုနယ်မြေထဲ ဝင်မယ့် ပြည်တွင်းပြည်ပ လည်ပတ်သူတွေကိုလည်း မနက်ဝင် ညနေစောင်း ပြန်ထွက် စနစ် ကျင့်သုံးစေပါတယ်။ အန်ကော ဝပ်ကို လာကြတဲ့ နိုင်ငံခြား ခရီးသည်တွေအားလုံးနီးပါးဟာ မနက် နေထွက်ချိန်နဲ့ ညနေ နေဝင်ချိန် ရှုခင်းကို ကြည့်လိုလှပါတယ်။ ဒီအတွက် မိုးမလင်းခင်၊ ရောင်နီမလာခင် ကားကြီးကားငယ်တွေနဲ့ အန်ကောဝပ် နယ်မြေထဲ ဝင်ပြီး နေထွက်ချိန် စောင့်ဆိုင်း ဓာတ်ပုံရိုက်၊ မှတ်တမ်းတင်၊ ကြည့်ရှုကြ ပါတယ်။ ညနေပိုင်းလည်း ထို့နည်းလည်းကောင်းပါပဲ။ နေဝင်ချိန်ကို ကောင်းကောင်းကြည့်နိုင်တဲ့၊ သက်ဆိုင်ရာက ခွင့်ပြုထားတဲ့ ဘုရားကျောင်း အထက်ပစ္စယံတွေကို တက်ပြီး စောင့်ဆိုင်းကြည့်ရှုကြ ပါတယ်။ ကမ္ဘောဒီးယားမှာလည်း မြန်မာနိုင်ငံလိုပဲ သူတို့ ဘုရား အဆောက်အဦတွေကို စောင့်ရှောက် ကြရပါတယ်။ တက်ဖို့ ခွင့်မပြုထားတဲ့ နေရာတွေကို စနစ်တကျ စာတန်းထိုး၊ ကာရံ တားမြစ်ထားတာ ရှိသလို၊ ယဉ်ကျေးမှုနယ်မြေ လုံခြုံရေး ဝန်ထမ်းတွေကလည်း လှည့်လည်ကြည့်ရှု ကြပ်မတ်ကြပါ တယ်။ မဖွယ်မရာတွေ တွေ့ရင်၊ တားမြစ်နယ်မြေ သွားရင် လိုအပ်ရင် ပြောဆို တားမြစ်ကြပါတယ်။ အိန္ဒိယ နိုင်ငံက နာမည်ကြီး တပ်ချ်မဟာ အဆောက်အဦ ဆိုရင်တော့ လာတဲ့လူများလွန်းလို့ အဆောက်အဦ ထိခိုက်မှာစိုးပြီး ဖိနပ်စီးပြီးတောင် ပေးမတက်ပါဘူး။ ဒီအတွက် နိုင်ငံခြားသားတွေကို ဝင်ကြေးယူ၊ တစ်ခါသုံး စွတ်ဖိနပ်တွေ စီးဖို့ ပြင်ဆင်ပေးပါတယ်။ အဓိပ္ပါယ်ကတော့ နိုင်ငံတကာက ယဉ်ကျေးမှု အဆောက်အဦ၊ နယ်မြေ ထိမ်းသိမ်းသူတွေဟာ တစ်ခုခုဖြစ်တာနဲ့ ပိတ်လိုက် ဆို့လိုက် ဆိုတာမျိုး မလုပ်ကြပါဘူး ဆိုတာပါ။

တကယ်တော့ ပုဂံယဉ်ကျေးမှုဇုံကို လည်ပတ်တဲ့ နိုင်ငံခြားသားတွေဟာ တစ်ယောက် ကျပ်ငွေ ၂၅ဝဝဝ ပေးရပါတယ်။ နည်းလှတဲ့ငွေတော့ မဟုတ်ပါဘူး။ ဒီအတွက်လည်း ယဉ်ကျေးမှု ဝန်ကြီးဌာန ဟာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အစ ဧပြီကနေ အခုနှစ် ဇန်နဝါရီအထိ ကျပ်ငွေ ၂၃ ဘီလျံလောက် ဝင်ခဲ့ပါ တယ်။ ဒီငွေတွေကို ဘယ်မှာ သုံးပါသလဲ။ ဖြစ်သင့်တာကတော့ အခုလို ယဉ်ကျေးမှုနယ်မြေက ဘုရား ပုထိုး စေတီ စောင့်ရှောက်ရာမှာ ဝန်ထမ်းတွေ ခန့်ထားကြပ်မတ်စေတာမျိုး အပါအဝင် နိုင်ငံတကာ ခရီးသည်တွေ အဆင်ပြေပြေနဲ့ လည်ပတ် ကြည့်ရှုနိုင်ရေးလို နေရာမျိုးတွေမှာ သုံးသင့်ပါတယ်။ အခု ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ ပြဿနာကို ကိုင်တွယ် ဖြေရှင်းပုံဟာ အလွန်ညံ့ဖျင်းလွန်းလှပြီး တာဝန် ယူမှု တာဝန်ခံမှုလည်း မရှိတဲ့ ဖြေရှင်းနည်းမျိုးသာ ဖြစ်နေပါတယ်။ ဒီလိုဖြေရှင်းနည်းမျိုးနဲ့တော့ နိုင်ငံ ခြား ခရီးသွားလုပ်ငန်း တိုးတက်အောင် အကောင်အထည် ဖော်လို့ မရနိုင်ပါကြောင်း သုံးသပ် တင်ပြ လိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly