ဖီဖာခေတ်သစ် စတင်တော့မည်ဟု ဥက္ကဋ္ဌသစ် အင်ဖန်တီနိုပြော

ဖီဖာခေတ်သစ် စတင်တော့မည်ဟု ဥက္ကဋ္ဌသစ် အင်ဖန်တီနိုပြော

ဖေဖော်ဝါရီ ၂၇၊ ဇူးရစ် ။             ။ ဖီဖာဥက္ကဋ္ဌသစ်ဖြစ်လာသည့် အင်ဖန်တီနိုက ဖီဖာခေတ်သစ် စတင်တော့မည်ဟု ပြောသည်။ ဥရောပဘေလုံးအဖွဲ့ချုပ်အထွေထွေအတွင်းရေး မှူးဖြစ်သူ အသက် ၄၆ နှစ်အရွယ် ဆွစ်ရှေ့နေအင်ဖန်တီနိုသည် အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရှိတ်ဆယ်မန်ကို ဒုတိယအဆင့်တွင် မဲ ၁၁၅ မဲ ဖြင့် အံ့အားသင့်ဖွယ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ပထမဆုံးအစီအစဉ်များထဲတွင် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြိုင်ပွဲဝင်အရေအတွက်အသင်း ၄၀ ထိတိုးမြှင့်ချင်သည့် အင်ဖန်တီနိုက ဖီဖာ၏ကျဆင်း နေသည့် ပုံရိပ်နှင့်ဂုဏ်သိက္ခာကိုလည်း မြှင့်တင်ချင် သည်ဟု ပြောသည်။

"ကျဆင်းနေတဲ့ ပုံရပ်ကိုမြှင့်တင်ပြီး ဖီဖာခေတ်သစ်တည်ဆောက်ဖို့အတွက် အားလုံးနဲ့လက်တွဲဆောင်ရွက်လိုပါတယ်။ ဖီဖာရဲ့ စိတ်မကောင်း စရာကာလတွေအဆုံးသတ် သွားပါပြီ။ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီး ကောင်းမွန်ပွင့်လင်းတဲ့အဖွဲ့အစည်းတစ်ရပ်ဖြစ်လာဖို့ လိုပါတယ်။ လေးစားမှုရှိဖို့လည်း လိုတယ်"ဟု အင်ဖန်တီနိုက ပြောသည်။ အင်ဖန်တီနိုသည် ထောက်ခံမဲ ၁၁၅ မဲရရှိသောကြောင့် ရှိတ်ဆယ်မန်ကို ၂၇ မဲအသာဖြင့်အနိုင်ရခဲ့ခြင်းဖြစ်သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly