ဖခင်ဘဝအကြောင်းကို ပထမဆုံးအကြိမ် ပြောကြားလာတဲ့ One Direction အဖွဲ့ဝင် လူးဝစ်တွမ်လင်ဆန်

ဖခင်ဘဝအကြောင်းကို ပထမဆုံးအကြိမ် ပြောကြားလာတဲ့ One Direction အဖွဲ့ဝင် လူးဝစ်တွမ်လင်ဆန်

နယူးယော့ခ်၊ ဖေဖော်ဝါရီ ၂၆ ။               ။ One Direction အဖွဲ့ဝင် လူးဝစ်တွမ်လင်ဆန်က ဖခင်ဘဝသည် လေးလေးနက်နက်ရှိပြီး စိတ်လှုပ်ရှားရကြောင်း ပြောကြားခဲ့သည်။

အသက် ၂၄ နှစ်အရွယ်ရှိ လူးဝစ်တွမ်လင်ဆန်သည် ဖေဖော်ဝါရီ ၂၄ ရက်ညက လန်ဒန်တွင် ကျင်းပပြုလုပ်သော Brit Awards ဆုပေးပွဲသို့ တတ်ရောက်ခဲ့ပြီး One Directoion အဖွဲ့အတွက်  အကောင်းဆုံး ဗီဒီယိုဆုကို လက်ခံရယူခဲ့သည်။

ရည်းစားဟောင်းဖြစ်သူ ဘရီအန်နာဂျန်ဝပ်သည်  ၂၀၁၆ ခုနှစ် ဇန်နဝါရီလက သားဖြစ်သူ ဖရက်ဒီရိန်းကို မွေးဖွားခဲ့ခြင်းကြောင့် လူးဝစ်တွမ်လင်ဆန်သည် ပထမဆုံးအကြိမ် ဖခင်ဘဝကို ရောက်ရှိ ခဲ့ခြင်း ဖြစ်သည်။ “ဖခင်ဘဝဟာ တစ်ကယ်ကိုကောင်းပါတယ်။ လေးလေးနက်နက် ရှိတယ်။ အရမ်းကို စိတ်လှုပ်ရှားပါတယ်” ဟု လူးဝစ်က O2 ခန်းမပြင်ပတွင် ITV2 သတင်းဌာနကို ပြောကြား ခဲ့သည်။

Birts Award ဆုပေးပွဲသို့ လူးဝစ်နှင့် Liam Payne တို့သာ တတ်ရောက်ခဲ့ပြီး One Direction အဖွဲ့အတွက် ကောင်းဆုံး ဗီဒီယိုဆုကို လက်ခံရယူခဲ့သည်။ လူးဝစ်နှင့် Liam Payne တို့သည် ဆုပေးပွဲ တွင် အတူဖျော်ဖြေခဲ့ကြသော်လည်း ၎င်းတို့နှစ်ဦး၏ ပုံကိုကြည့်ရသည်မှာ ပျော်ရွှင်ပုံမရပေ။

လူးဝစ်သည် လက်ရှိအချိန်တွင် ရည်စားဟောင်း ဘရီအန်နာနှင့် သားဖြစ်သူတို့နှင့် နီးသော လော့စ်အိန်ဂျလိစ်မြို့ရှိ နေအိမ်တွင် နေထိုင်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly