အမေရိကန်နိုင်ငံ ကန်ဆတ်ပြည်နယ် စက်ရုံတစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွား အနည်းဆုံးလေးဦးသေ ၃၀ခန့်ဒဏ်ရာရ

အမေရိကန်နိုင်ငံ ကန်ဆတ်ပြည်နယ် စက်ရုံတစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွား အနည်းဆုံးလေးဦးသေ ၃၀ခန့်ဒဏ်ရာရ

လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၂၆ ။           ။ ဖေဖော်ဝါရီ ၂၅က အမေရိကန်နိုင်ငံ ကန်ဆတ်ပြည်နယ်၏ မြို့ငယ်လေးတစ်ခုဖြစ်သော ဟက်စတန်ရှိ မြက်ဖြတ်စက် စက်ရုံတစ်ခုတွင် ဝန်ထမ်းဟောင်းတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အနည်းဆုံးလူလေးဦးသေဆုံးပြီး လူ ၃၀ခန့် ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

သေဆုံးသူအရေအတွက်မှာ ခုနှစ်ဦးအထိ မြင့်မားလာနိုင်ကြောင်း ဟာဗေးကောင်တီရဲအရာရှိကြီး တီဝေါလ်တန်က ပြောသည်။ အဆိုပါဖြစ်ရပ်တွင် သေနတ်သမားလည်း သေဆုံးသူများတွင် ပါဝင်သည်ဟု ၎င်းကပြောသည်။ "သေနတ်သမားလည်း ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်။

သူလည်း မြက်ဖြတ်စက် Excel Industries စက်ရုံက ဝန်ထမ်းဟောင်းတစ်ဦးပါ။ အာဏာပိုင်တွေက သူ့ကို ပစ်သတ်လိုက်တာပါ"ဟု ဝေါလ်တန်က ပြောသည်။ သေနတ်သမားမှာ အသက် ၃၈နှစ်အရွယ်ရှိ စီးဒရစ်ဖို့ဒ်ဆိုသူဖြစ်ကြောင်း သိရသည်။

"ဘာ့ကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာ ကျွန်တော်တို့ သိချင်ပါတယ်။ ပစ်ခတ်သူရဲ့ သမိုင်းကြောင်းကို သိဖို့လိုပါတယ်။ ပြီးတော့ ကုစားဖို့လိုတယ်"ဟု ဝေါလ်တန်က ဒေသခံရုပ်သံသို့ ပြောကြားခဲ့သည်။ ဖလော်ရီဒါ တရားရုံးမှတ်တမ်းများအရ ပစ်ခတ်သူဖို့ဒ်တွင် ပြစ်ချက်ဟောင်းများစွာ ရှိနေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly