ကျောင်းမှ အခမဲ့ကျွေးသည့် နေ့လယ်စာ စားပြီးနောက် အိန္ဒိယကလေးငယ် ၉၇ယောက် ဆေးရုံတက်ရောက်ကုသရ

ကျောင်းမှ အခမဲ့ကျွေးသည့် နေ့လယ်စာ စားပြီးနောက် အိန္ဒိယကလေးငယ် ၉၇ယောက် ဆေးရုံတက်ရောက်ကုသရ

နယူးဒေလီ၊ ဖေဖော်ဝါရီ - ၂၆ ။               ။ အာဏာပိုင်များက စီအင်အင်သို့ ပြောကြားချက်အရ အိန္ဒိယကျောင်းသားကလေးငယ် ၉၇ယောက်တို့မှာ ကျောင်းမှ အခမဲ့ကျွေးသည့် နေ့လယ်စာကို စားသောက်ပြီးနောက် မူးဝေအော့အန်လာကြသောကြောင့် ဆေးရုံတက်ရောက် ကုသခံခဲ့ကြရသည်ဟု ဆိုသည်။

အနောက်ပိုင်း မဟာရာရှထရာပြည်နယ်၊ ပယ်ဂါခရိုင်အတွင်းရှိ အစိုးရကျေးလတ်ကျောင်းတစ်ကျောင်းမှ ကလေးငယ်များက နေ့လည်စာစားပြီးနောက် ဗိုက်ယစ်၍ အော့အန်သည်ဟု တိုင်ကြားလာကြည့် အခါတွင် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ရကြောင်း ကျန်းမာရေးဌာနအရာရှိ ဆန်တို့ရှ် ဂက်ဝပ်က သောကြာနေ့က ပြောကြားခဲ့သည်။

ကလေးငယ်များကို ဆေးရုံတင်ထားရသော်လည်း တစ်စုံတစ်ယောက်မျှ အခြေအနေ မဆိုးရွားဘဲ ကျန်းမာရေး တိုးတက်ကောင်းမွန်လာနေသည်ဟု ဆိုသည်။
ကျောင်းသားကလေးငယ်များ၏ အသက်အရွယ်ကို ရဲဌာနက ချက်ချင်း အတည်ပြုနိုင်ခဲ့ခြင်းမရှိသော်လည်း ရဲမှူးကြီး ရှရီခရစ်ရှန ကိုကိုတေးကမူ အကြီးဆုံးကျောင်းသားမှာ ခုနှစ်တန်းအရွယ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။  
၂၀၀၁ခုနှစ်တွင် အိန္ဒိယအထက်ရုံး၏ ဆုံးဖြတ်ချက်အရ အိန္ဒိယတွင် အစိုးရကျောင်းအားလုံးမှာ အသက် ၁၃နှစ်အောက် ကျောင်းသားများကို ထမင်းဟင်း အခမဲ့ကျွေးရန် ညွှန်ကြားထားသည်ဟု ဆိုသည်။
၂၀၁၃ခုနှစ်ကလည်း အိန္ဒိယ အရှေ့ပိုင်းမှ ကျောင်းတစ်ကျောင်းတွင် အဆိပ်သင့်နေသည့် နေ့လယ်စာများကို စားသောက်မိရာမှ ကျောင်းသားကလေးငယ် ၂၀ကျော် သေဆုံးခဲ့ရဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly