ထိုင်းနိုင်ငံတွင် စစ်လက်နက် ပစ္စည်းစက်ရုံ တည်ထောင်ရန် ရုရှကမ်းလှမ်း

ထိုင်းနိုင်ငံတွင် စစ်လက်နက် ပစ္စည်းစက်ရုံ တည်ထောင်ရန် ရုရှကမ်းလှမ်း

ဘန်ကောက်၊ ဖေဖော်ဝါရီ-၂၆ ။            ။ ပြည်တွင်းနှင့် ဒေသတွင်း ဝယ်လိုအားကို ဖြည့်ဆည်းရန်အတွက် ထိုင်းနိုင်ငံတွင် လက်နက်များ ထုတ်လုပ်ဖြန့်ဖြူးမည့် စက်ရုံတစ်ရုံ ထူထောင်ရန်နှင့် ထိုင်းမီးရထားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်း ရုရှက ကမ်းလှမ်းခဲ့သည်။

ကာကွယ်ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ခွန်ချိ တန်ထရာဝနစ်၏ ပြောကြားချက်အရ ဒုဝန်ကြီးချုပ်များဖြစ်ကြသော ပရာဝစ် ဝန်ဆူဝန်နှင့် ဆုမ်ခစ် ဇာတူုသရီပီတက်တို့ ခေါင်းဆောင်သည့် ကိုယ်စားလှယ် အဖွဲ့၏ ဖေဖော်ဝါရီ ၂၃မှီ ၂၅ရက်နေ့အထိ မော်စကိုအည်အပတ်ခရီးစဉ်အတွင်း ယခုကဲ့သို့ ရုရှက ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုင်းလုံခြုံရေးနှင့် စီးပွားရေးအရာရှိများပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့က ရုရှဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်၊ ဒုတိယဝန်ကြီးချုပ် ဒီမီထရီ ရိုဂိုဇင်နှင့် ရုရှ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး ဒင်းနစ် မန်တူရော့ဗ်တို့နှင့် တွေ့ဆုံခဲ့ကြပြီး ကုန်သွယ်ရေး၊ သိပ္ပံပညာ၊ နည်းပညာ၊ စွမ်းအင်၊ အစားအစာ၊ လုံခြုံရေး၊ စစ်ရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

စစ်ရေးကဏ္ဍတွင် စစ်တပ်အတွက်အပြင်၊ သဘာဝကပ်ဘေးတုန့်ပြန်မှုနှင့် အထူးသဖြင့် အရေအရင်းမြစ် အဆောက်အအုံများကဲ့သို့သော နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက်လည်း ကိရိယာများ ရယူရန် စိတ်ဝင်စားကြောင်း ထိုင်းက ဖော်ပြခဲ့သည်။ အတုန့်အလှည့်အနေဖြင့် ထိုင်းလယ်ယာထွက်ကုန်များကို ရုရှက ဝယ်ယူရန်လည်း အဆိုပြုခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ထိုင်းနိုင်ငံ၏ စွမ်းအင်၊ သတင်းအချက်အလက်နည်းပညာ၊ လေကြောင်း သယ်ယူပို့ဆောင်ရေးနှင့် မီးရထားလမ်းစီမံကိန်းများတွင်လည်း ရုရှက ရင်းနှီးမြှုပ်နှံရန် ထိုင်းကိုယ်စားလှယ်များက အဆိုပြုခဲ့သည်။ ရုရှအနေဖြင့် ထုတ်ကုန်များကို ထိုင်းနိုင်ငံမှတစ်ဆင့် အခြား အရှေ့တောင်အာရှနိုင်ငံများသို့ တင်းပို့နိုင်သည်ဟုလည်း ဗိုလ်ချုပ် ခွန်ချိက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ စစ်သုံးကိရိယာလိုအပ်ချက်ကို ရုရှနိုင်ငံက ဖြည့်ဆည်းပေးနိုင်ကြောင်းလည်း ရုရှဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်က ပြောကြားခဲ့သည်ဟုဆိုသည်။

ထိုင်းနိုင်ငံ၏ ယူရေးရှားနှင့် ကုန်သွယ်ရေးမြှင့်တင်ရန် အစီအစဉ်ကို တုန့်ပြန်သောအားဖြင့် ထိုင်းလယ်ယာထွက်ကုန်များကို ဖြန့်ချိရန် ရုရှတွင် စင်တာတစ်ခု ထူထောင်နိုင်ကြောင်းလည်း မစ္စတာ မက်ဗီဒက်က ပြောကြားသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly