Big Bang အဖွဲ့ ရှန်ဟိုင်းတွင် ဖျော်ဖြေပွဲ ကျင်းပသွားမည်

Big Bang အဖွဲ့ ရှန်ဟိုင်းတွင် ဖျော်ဖြေပွဲ ကျင်းပသွားမည်

တောင်ကိုရီးယား အမျိုးသားအဆိုတော် အဖွဲ့သည် မတ်လ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ Mercedes-Benz အားကစားကွင်းတွင် ဖျော်ဖြေပွဲကျင်းပ သွားမည် ဖြစ်ကြောင်း ပြည်တွင်းမီဒီယာတစ်ခုက သတင်းထုတ်ပြန်သည်။

“2016 Big Bang MADE [ V.I.P] Tour” ကမ္ဘာလှည့်ဖျော်ဖြေပွဲ လက်မှတ်များသည် တစ်နေ့တည်းတွင် အားလုံးရောင်းကုန်ခဲ့သည်။ Big Bang အဖွဲ့သည် ရှန်ဟိုင်း၊ ကျန်ကျို့၊ ဟူဖေး၊ ဟန်ကျို့၊ နန်ချောင်၊ ချောင်ရှာနှင့် နန်ကျင်းမြို့တို့အပါအဝင် အခြားမြို့များတွင် ဖျော်ဖြေပွဲ ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က Big Bang အဖွဲ့သည် မြို့၁၁ မြို့တွင် ဖျော်ဖြေပွဲများ ကျင်းပခဲ့ရာ ပရိတ်သတ် ၁၈၀၀၀၀ ကျော် လာရောက် အားပေးခဲ့ကြသည်။

Big Bang အဖွဲ့သည် “Big Bang World Tour [MADE] Final in Seoul” ဖျော်ဖြေပွဲကို ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး မတ် ၄ ရက်မှ ၆ ရက်အထိ ဆိုးလ်မြို့ အိုလံပစ်ပန်းခြံ Gymnastics  အားကစားကွင်းတွင် ကိုရီးယား ပရိတ်သတ်များနှင့် တွေ့ဆုံသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly