ပန်ဆေးပြည်သူ့စစ်အဖွဲ့နှင့် KDA တိုက်ပွဲဖြစ် ၁ ဦး သေဆုံး

ပန်ဆေးပြည်သူ့စစ်အဖွဲ့နှင့် KDA တိုက်ပွဲဖြစ် ၁ ဦး သေဆုံး

ရန်ကုန်၊ဖေဖော်ဝါရီ ၂၅ ။           ။ ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းဒေသရှိ ပန်းဆေးပြည်သူ့စစ်အဖွဲ့နှင့်  Kachin Defense Army (KDA) တို့ယနေ့ နံနက်ပိုင်းက တိုက်ပွဲငယ်ဖြစ်ပွားခဲ့ပြီး ပန်ဆေးပြည်သူ့စစ်အဖွဲ့မှ ၁ ဦးသေဆုံးပြီး KDA ခေါင်းဆောင်တစ်ဦး ဒဏ်ရာရသွားသည်ဟု ပန်ဆေးပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမသို့ပြောကြားသည်။

''ပန်ဆေးဌာနချုပ် ပန်ခမ်းနားမှာဖြစ်တာ၊ ပန်ဆေး ဓါတ်ဆီဆိုင်နားမှာဖြစ်တာ ချောင်းဒီဖက်က ကျွန်တော်တို့ ဟိုဖက်အခြမ်းက KDA အဖွဲ့ပေါ့။ မိုးပေါ်ထောင်ဖေါက်ကြရင်းနဲ့ ကျွန်တော်တို့ဖက်က တစ်ဦး ဆီဆိုင်နောက်က တိုက်ပေါ်မှာသေတာ။ လက်နက်အသေးနဲ့ဘဲ၊ လက်နက်ကြီးတွေမပါဘူး။ တစ်နာရီလောက်ဘဲဖြစ်သွားတာပါ။'' ဟု ၎င်းတပ်ဖွဲ့ဝင်က ဆိုသည်။

ညနေ ၅ နာရီအချိန် မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ပန်ဆေးပြည်သူ့စစ်ခေါင်းဆောင်နှင့် ပြည်နယ်လွတ်တော်အမတ်ဖြစ်သူ ဦးကျော်မြင့်ရောက်ရှိနေပြီး ရဲတပ်ဖွဲ့ဝင်များလာရောက် စစ်ဆေးနေကာ ပါဝင်သူများကိုအလုပ်ဖြုတ်မည်ဟု ပန်ဆေးပြည်သူ့စစ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly