တောင်ကိုရီးယားတွင် မားစ်ရောဂါကြောင့် ၃၂ ယောက်မြောက် သေဆုံး

တောင်ကိုရီးယားတွင် မားစ်ရောဂါကြောင့် ၃၂ ယောက်မြောက် သေဆုံး

အေအက်ဖ်ပီ (ဆိုးလ်)။ ။ ရောဂါ ကူးစက်ပျံ့ပွားနှုန်းမှာ နှေးကွေးလာခဲ့သော်လည်း ဇွန် ၂၈ ရက်က မားစ်ရောဂါကြောင့် ၃၂ ယောက်မြောက် နောက်ထပ်တစ်ဦး သေဆုံးသွားခဲ့ကြောင့် တောင်ကိုရီးယားက သတင်းထုတ်ပြန် လာခဲ့တဲ့အတွက် ဗိုင်းရပ်စ်ပိုး၏ လူသေနှုန်းမှာမူ ဆက်လက်မြင့်တက်နေဆဲဖြစ်သည်ဟု ဆိုသည်။

ဇွန်လ ၂၇ ရက်က အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦး အရှေ့အလယ်ပိုင်း အသက်ရှူ လမ်းကြောင်းရောဂါကြောင့်
သေဆုံးသွားခဲ့သည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန် လာ၍၊ သေဆုံးမှုနှုန်းမှာ ၁၇ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

ဤပမာဏမှာ တစ်ပတ်အလွန်က ၁၅ ရာခိုင်နှုန်း၊ ၂ ပတ်အလွန်က ၁၀ ရာခိုင်နှုန်းပမာဏမှ မြင့်တက်လာခဲ့ခြင်း
ဖြစ်သော်လည်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားသည့် သေဆုံးမှုနှုန်း ၃၆ ရာခိုင်နှုန်း ပမာဏထက်မူ လျော့နည်းလျှက်ပင် ရှိနေသေးသည်။  

အဆိုပါ အမျိုးသားမှာ ဇွန်လ ၉ ရက်က မားစ်လူနာ ၉၀နှင့် လူနာမေးများ၊ ဆေးဝန်ထမ်းများ ကူးစက်ခံနေရရာ ရောဂါကူးစက်ပျံ့ပွားမှု၏ ဗဟိုချက်ဖြစ်သည့် ဆိုးလ်မြို့တော်မှ ဆမ်ဆောင်း ဆေးရုံတွင် ဗိုင်းရပ်စ်ကူးစက် ခံနေရကြောင်းကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ စုစုပေါင်း ကူးစက်ခံရသူ အရေအတွက်မှာ မပြောင်းလဲ ၁၈၂ တွင် မြဲနေခဲ့သော်လည်း ယင်းတို့အနက် လူနာ ၁၅ ယောက်မှာ အသည်းအသန် အခြေအနေတွင် ရှိနေသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

လူနာ ၉၁ ယောက်မှာမူ အရှင်းသက်သာလာပြီဖြစ်သောကြောင့် ဆေးရုံးမှ ဆင်းခွင့်ပြုခဲ့သော်လည်း လူနာ ၂၅၆၂
ယောက်ကိုမူ အစိုးရဂေဟာများနှင့် နေအိမ်များတွင် သီးခြားခွဲထား၍ စောင့်ကြည့်နေသည်ဟု ဆိုသည်။

သို့ရာတွင် ရောဂါကူးစက်ပျံ့ပွားမှုကို မရပ်တန့်နိုင်သေးသောကြောင့် တောင်ကိုရီးယား အစိုးရမှာ အပြင်းအထန် ဝေဖန်ခံနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly