ဂရိမဲစစ်တမ်းအရ ဂရိနိုင်ငံသားအများစုက ကြွေးရှင်နိုင်ငံများနှင့် သဘောတူညီမှု ရရှိရန် လိုလားဟုဆို

ဂရိမဲစစ်တမ်းအရ ဂရိနိုင်ငံသားအများစုက ကြွေးရှင်နိုင်ငံများနှင့် သဘောတူညီမှု ရရှိရန် လိုလားဟုဆို

ရိုက်တာ (အေသင်)။ ။ ဝန်ကြီးချုပ် အလက်ဇစ် ဇီပရပ်စ်က ကြွေးမြီပြဿနာအပေါ် ရှောင်တခင် လူထုဆန္ဒခံယူပွဲ ကျင်းပမည်ဟု မကြေညာမီတွင် ပြုလုပ်ခဲ့သော ထင်မြင်ချက် မဲစစ်တမ်းနှစ်ခုအရ ဂရိနိုင်ငံသား အများစုက နိုင်ငံတကာငွေချေးသူများနဲ့ ထုတ်ဆယ်ကယ်တင်ရေး သဘောတူညီချက်ကို လက်ခံလိုက်ဖို့ကို ပိုပြီးစိတ်အားထက်သန်ကြသည်ဟု ဆိုသည်။

မဲစစ်တမ်းအဖွဲ့အစည်း Alcoက တနင်္ဂနွေနေ့ထုတ် Proto Thema သတင်းစာတွင်ပြုလုပ်သည့် မဲစစ်တမ်းအရ တုန့်ပြန်ဖြေကြားသူ ၁၀၀၀ ၏ ၅၇ ရာခိုင်နှုန်းက သဘောတူညီချက်ရဖို့ကို ပိုလိုလားကြပြီး ၂၉ ရာခိုင်နှုန်းကမူ ကြွေးရှင်နိုင်ငံတွေနဲ့ လမ်းခွဲဖို့ကို ပိုပြီးအလိုရှိကြသည်ဟု ဆိုသည်။

သတ်မှတ်ရက် ဇွန်၃၀တွင် နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ကြီးကို ယူရို ၁ ဒသမ ၆ ဘီလျံ ပြန်လည်ပေးဆပ်နိုင်စေမည့်
ပြုပြင်ပြောင်းလဲရေး သဘောတူညီချက်အတွက် ငွေသား အထောက်အပံ့အပေါ် နိုင်ငံတကာကြွေးရှင်တွေနဲ့ သဘောတူညီမှုရယူဖို့ ပျက်ကွက်သွားပြီးနောက်မှာ ဇီပရီက ဇူလိုင် ၅ ရက်နေ့မှာ ဇီပရီက ရှောင်တခင် လူထုဆန္ဒခံယူပွဲ ကျင်းပမည်ဟု ကြေညာခဲ့သည်။ ကြွေးရှင်များ၏ တောင်းဆိုချက်များကို လက်ခံမလား၊ ပယ်ချမလားဆိုသည်ကို မဲဆန္ဒရှင်များက ဆုံးဖြတ်ပေးဖို့ ဇီပရီက တိုက်တွန်းခဲ့သည်။

နောက်ထပ်မဲစစ်တမ်း အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Kapa Research ကလည်း တုန့်ပြန်ဖြေကြားသူများ၏ ၄၇ ဒသမ ၂ ရာခိုင်နှုန်းက သဘောတူညီချက်ရဖို့ လိုလားကြပြီး ၃၃ ရာခိုင်နှုန်းကတော့ ဆန့်ကျင်ကြသည်ဟု ဆိုသည်။

ဒီမဲစစ်တမ်းကတော့ ဆန္ဒခံယူပွဲမှာ ဒီနာကျင်စေတဲ့ သဘောတူညီချက်ကို မဲပေးဖို့ အဆိုတင်လာခဲ့ရင် ဘယ်လိုမဲပေးကြမလဲလို့ မဲဆန္ဒရှင်ပေါင်း ၁၀၀၅ ယောက်ကို မေးမြန်းခဲ့တာပဲ ဖြစ်သည်။

ကျန် ၄၈ ဒသမ ၃ ရာခိုင်နှုန်းကမူ ဂရိကို ယူရိုငွေကြေးဇုန် အပြင်ဘက်ကို ရောက်ရှိသွားစေမည့် အစိုးရ၏ ဘယ်လုပ်ရပ်ကိုမှ မထောက်ခံဟု ပြောကြားခဲ့ကြသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly