ကျွန်လုပ်သား၊ ကလေးလုပ်သားများဖြင့် ထုတ်လုပ်ထားသည့် သွင်းကုန်များကို အိုဘားမား ပိတ်ပင်

ကျွန်လုပ်သား၊ ကလေးလုပ်သားများဖြင့် ထုတ်လုပ်ထားသည့် သွင်းကုန်များကို အိုဘားမား ပိတ်ပင်

ဝါရှင်တန်၊ ဖေဖော်ဝါရီ - ၂၅ ။             ။ အမေရိကန်သမ္မတ ဘားရက် အိုဘားမားက ကျွန်လုပ်သားများဖြင့် ထုတ်လုပ်ထားသော သွင်းကုန်များကို ပိတ်ပင်လိုက်သည်။

အရှေ့တောင်အာရှမှ ကျွန်လုပ်သားများ ဖမ်းဆီးခဲ့သည့် ငါးများ၊ အာဖရိကမှ ကလေးများ တူးဖော်ခဲ့သည့် ရွှေများနှင့် ဘင်္ဂလားဒေ့ရှ်မှ ခေါင်းပုံဖြတ်ခံ အမျိုးသမီးများ ချုပ်လုပ်ထားသည့် အတည်များ ကဲ့သို့သော သွင်းကုန်များကို ပိတ်ပင်သည့် ပုဒ်မတစ်ခု ပါဝင်နေသော ဥပဒေကြမ်းတစ်ခုကို အိုဘားမားက ဗုဒ္ဓဟူးနေ့က လက်မှတ်ရေးထိုးခဲ့သည်။

ယခုလှုပ်ရှားမှုမှာ အမေရိကန်ပြင်ပမှ အဓမ္မခိုင်းစေခံရသူများနှင့် ကလေးလုပ်သားများ၏ ထုတ်ကုန်များကို ထိန်းချုပ်ရန် ပျက်ကွက်နေခဲ့သည့် ၈၅နှစ် ကြာမြင့်ခဲ့ပြီဖြစ်သော အခွန်ဥပဒေ၏ ဟာပေါက်ကို ဖြည့်စွက်လိုက်ခြင်းပင် ဖြစ်သည်။  

ယမန်နှစ်က ထိုင်းကုမ္ပဏီများက အကျဉ်းချပိတ်လှောင်ခံ ကျွန်လုပ်သားများဖြင့် ဖမ်းယူထုတ်လုပ်ထားသော ပင်လယ်စာများကို အမေရိကန်ပြည်ထောင်စုသို့ တင်ပို့နေကြောင်း အေပီသတင်းဌာန က တွေ့ရှိဖွင့်ချခဲ့သည်။

ထိုသတင်းများ၏ အကျိုးရလဒ်အဖြစ် အကျဉ်းချ ပိတ်လှောင်ခံနေရသည့် ကျွန်တံငါ ၂၀၀၀ကျော်ကို ကယ်တင်နိုင်ခဲ့ပြီး၊ လူကုန်ကူးသူ တစ်ဒါဇင်ကျော်ကို ဖမ်းဆီးခဲ့သည့်အပြင်၊ ဒေါ်လာ သန်းပေါင်းများစွာတန်သည့် ပင်လယ်စာနှင့် သင်္ဘောများကိုလည်း သိမ်းယူနိုင်ခဲ့သည်။

ယခုအချိန်မတိုင်မီအထိမူ ပြည်တွင်းစားသုံးမှုလိုအပ်ချက်ကို ဖြည့်ဆည်းရန် လုံလောက်သော ထောက်ပံ့မှုမရှိလျှင် သွင်းကုန်များကို မည်သို့ထုတ်လုပ်သည်ကို မစဉ်းစားပဲ တင်သွင်းရမည်ဟု ဆိုသည့် စားသုံးသူဝယ်လိုအားဟူသော စကားနှစ်လုံးကြောင့် အမေရိကန် အကောက်ခွန်ဥပဒေများက အဓမ္မလုပ်အား၊ သို့မဟုတ်၊ ကလေးလုပ်သားများဖြင့် ထုတ်လုပ်ထားသည့် သွင်းကုန်များကို မည်သို့ပင် ပိတ်ပင်ထားသော်လည်း လက်တွေ့တွင် စိုးမိုးသက်ဝင် အကောင်အထည်ဖော်ခြင်းမရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly