မြန်မာနိုင်ငံသားနှစ်ဦးကို လူကုန်ကူးမှုသံသယဖြင့် မလေးရှားရဲက ဖမ်းဆီး

မြန်မာနိုင်ငံသားနှစ်ဦးကို လူကုန်ကူးမှုသံသယဖြင့် မလေးရှားရဲက ဖမ်းဆီး

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ -၂၅ ။            ။ ပါလစ်၊ ဝမ်ကီလျန်တွင် လူကုန်ကူးခံရသူများ၏ ရုပ်အလောင်းများ မြှုပ်နှံထားသည်ဟု ယူဆရသည့် သင်္ချ ိုင်းတစ်ခုကို စုံစမ်းစစ်ဆေးရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် မြန်မာနိုင်ငံသား အမျိုးသားနှစ်ဦးကို မလေးရှားရဲက ဖမ်းဆီးခဲ့သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ကို ကော့လျန်းက ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင် ပြောကြားချက်အရ အဆိုပါ အသက်၃၀တွင်း မြန်မာနိုင်ငံသားနှစ်ဦးမှာ သင်္ချ ိုင်းစောင့်များ ဖြစ်ဟန်ရှိသည်ဟု ဆိုသည်။

‘သက်သေခံအချက်အလက် စစ်ဆေးစဉ်အတွင်းမှာ လူကုန်ကူခံရသူတွေက သူတို့နှစ်ယောက်ကို ရွေးထုတ်ပြခဲ့တာကြောင့် သံသယရှိသူနှစ်ယောက်ရဲ့ ထွက်ချက်တွေကို မှတ်တမ်းတင်နေတုန်းပဲ ရှိပါသေးတယ်’ဟု ကိုက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့မှ ရွှေ့ပြောင်းအခြေချများဟု ယူဆရသည့် လူ ၁၀၆ယောက်၏ ရုပ်အလောင်းများကို ယမန်နှစ်က မလေးရှား-ထိုင်း နယ်စပ်အနီး သစ်တောဧရိယာထဲတွင် တွေ့ရှိခဲ့သည်။

ယမန်နှစ်က လူကုန်ကူးဂိုဏ်းများကို ထိုင်းက ဖြိုခွင်းလာရာ လူမှောင်ခိုကုန်ကူးမှုအတော်များများကို ဖော်ထုတ်လာသည်တွင် မလေးရှားနိုင်ငံအတွင်းတွင်လည်း စွန့်ပစ်ထားသည့် လူကုန်ကူးမှု စခန်းများကို တွေ့ရှိလာခဲ့ရသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly