စိုက်ပျိုးစရိတ်ချေးငွေအလွဲသုံးစားလုပ်မှုကို ပုသိမ်စိုက်ဘဏ်တွင် စစ်ဆေး

စိုက်ပျိုးစရိတ်ချေးငွေအလွဲသုံးစားလုပ်မှုကို ပုသိမ်စိုက်ဘဏ်တွင် စစ်ဆေး

ပုသိမ်၊ဖေဖော်ဝါရီ ၂၄ ။               ။ ပုသိမ်မြို့၊ ဂွေးချောင်းကျေးရွာအုပ်စုမှ စိုက်ပျိုးစရိတ်ထုတ်ပေးရေးကိုယ်စားလှယ်အဖွဲ့က ချေးငွေများကို အလွဲသုံးစားပြုလုပ်သည်ဟုတောင်သူ ၇၂ဦးမှတိုင်ကြားထားသည့်အတွက် ပုသိမ်စိုက်ပျိုးရေးဘဏ်တွင် စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါတိုင်ကြားမှုကို မြို့နယ်စိုက်ပျိုးရေးဘဏ်မန်ဂျာ၊မြေစရင်းဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနစသည့် ပူးပေါင်းကော်မတီက တိုင်ကြားသူများနှင့် တိုင်ကြားခံရသူများကို စတင်စစ်ဆေးနေကြောင်း သိရသည်။

"  ဘဏ်စာအုပ်အသစ်ဆို ခုနှစ်သောင်းပေးရတယ်၊သူတို့က စိုက်ဘဏ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး နဲ့စိုက်စရိတ်ထုတ်ပေးတဲ့ကိုယ်စားလှယ်အတွင်းအရေးမှူးတွေက အတင်းဖြတ်ယူထားတယ်၊တချို စားကျက်မြေဆိုလေးသောင်းကျပ်ဖြတ်ယူတယ် "ဟုပုသိမ်မြို့၊ဂွေးချောင်းကျေးရွာမှတောင်သူဦးမြင့်နိုင်မှ ဖြစ်စဉ်အားပြောသည်။

ဂွေးချောင်းကျေးရွာအုပ်ချုပ်ရေးမှူးဦးခိုင်ဦးမှ"ကျွန်တော်လက်ထက်မှာမတောင်းပါဘူး၊ စစ်တော့မှသိမှာပါ"ဟုဖြေဆိုသည်။

"ကျွန်တော်တို့ လက်ထက်မှာ ဘာမှမယူဘူး၊တစ်က ၅၀၀၀ကျပ်တောင်းယူတယ်၊၃၀၀၀က စုကြေးငွေ ၂၀၀၀က လမ်းစရိတ်ယူတာပါ၊ကျန်တာမရှိဘူး"ဟု ဂွေးချောင်းကျေးရွာ စိုက်ပျိုးစရိတ်ထုတ်ပေးရေးကိုယ်စားလှယ်အဖွဲ့မှ အတွင်းရေးမှူး ဦးမြင့်နိုင် ကပြောသည်

ငွေကြေးအလွဲသုံးစားပြုလုပ်မှု ပေါ်ပေါက်ပါက ထိုက်တန်သည့် အပြစ်ဒဏ်ကျခံစေချင်ကြောင်း ဂွေးချောင်းကျေးရွာ ဖွံဖြိုးရေးအထောက်အကူပြုကော်မတီမှ ဦးသိန်းထွန်းမှ မဇ္ဈိမသို့ပြောသည်။

တောင်သူလယ်သမား ၇၂ဦးမှ ၂၀၁၂-၁၃ ခုနှစ်က စိုက်ဘဏ်ထုတ်ယူစဉ် ငွေကြေးဖြတ်ခံရမှုအား၂၀၁၆ဖေဖော်ဝါရီ ၂ရက်နေ့တွင်မြို့နယ်စိုက်ပျိုးရေးဘဏ်တွင် တွင်တိုင်ကြားခဲ့ပြီး၊ဖေဖော်ဝါရီ ၂၄ရက်နေ့တွင် ဖြစ်စဉ်အား စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly