ဘာစီလိုနာအသင်း ချန်ပီယံလိဂ်ဖလားကာကွယ်ရန် ရည်မှန်းထားဟု ဆွာရက်ဇ်ပြော

ဘာစီလိုနာအသင်း ချန်ပီယံလိဂ်ဖလားကာကွယ်ရန် ရည်မှန်းထားဟု ဆွာရက်ဇ်ပြော

ဖေဖော်ဝါရီ ၂၄၊ ဘာစီလိုနာ ။            ။ ဘာစီလိုနာတိုက်စစ်မှူးဆွာရက်ဇ်က ၎င်း၏အသင်းကို ကမ္ဘာ့အကောင်းဆုံးအသင်းဟု ညွှန်းဆိုလိုက်ပြီး အသင်း၏ရည်မှန်းချက်မှာ ချန်ပီယံလိဂ်ဖလား ကာကွယ်ရန်ဖြစ်သည်ဟု အာဆင်နယ်ကို ၂-၀ ဂိုးဖြင့်အနိုင်ရသောပွဲအပြီးတွင် ပြောသည်။

လက်ရှိချန်ပီယံဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွင် အာဆင်နယ်အသင်းကို အမ်းမရိတ်စ်ကွင်း၌ မက်ဆီ၏ ဒုတိယ ပိုင်းသွင်းဂိုးနှစ်ဂိုးဖြင့်အနိုင်ရခဲ့သည်။

နည်းပြအင်းနရစ်၏ ဘာစီလိုနာအသင်းမှာ လွန်ခဲ့သည့် ၂၅ နှစ်ကျော်က အေစီမီလန်အသင်းကဲ့သို့ နှစ်နှစ်ဆက်ဗိုလ်စွဲရန်ရည်မှန်းနေပြီး အကောင်ထည်ဖော်နိုင်သည့်စွမ်းရည်ရှိနေသည်ဟု ဆွာရက်ဇ်က အခိုင်အမာဆိုသည်။

"ကျွန်တော်တို့ ရည်မှန်းချက်ကြီးကြီးမားမားထားပါတယ်။ ဆုဖလား၊ ဆုတံဆိပ်တွေ ထပ်လိုချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်နေလို့ပဲ။
ရည်မှန်းချက်တွေပြည့်ဖို့ အာရုံစိုက်ထားရမယ်"ဟု ဆွာရက်ဇ်က သတင်းထောက်များကို ပြောသည်။

သို့သော် ပရီးမီးယားလိဂ်ချန်ပီယံဆုချိန်ရွယ်နေသည့် အာဆင်နယ်အသင်း၏ ခြေစွမ်းနှင့် ဒုတိယအကျော့တွင် ပြန်လာနိုင်စွမ်းရှိနိုင်မည်ကိုမူ ဆွာရက်ဇ်က စိုးရိမ်နေဆဲဖြစ်သည်။

"ရလဒ်အတွက်ပျော်ပေမယ့် ဒါကအဆုံးသတ်မဟုတ်သေးဘူး။ နောက်ထပ် မိနစ် ၉၀ ကျော်ကစားရဦးမယ်။ ဒီရလဒ်နဲ့အားသာချက်ယူနိုင်ပေ မယ့်လည်း ချန်ပီယံလိဂ်မှာဘာဖြစ်မလဲဆိုတာ ဘယ်သူမှကြိုမသိနိုင်ဘူး။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုအတွက်ပြိုင်ဆိုင်နေတဲ့အသင်းဖြစ်ပြီး ဒုတိယအကျော့မှာ ပွဲအဖြေကိုပြောင်းလဲသွား အောင်လုပ်နိုင်စွမ်းရှိတဲ့ ကစားသမားတွေလည်းရှိနေတယ်"ဟု ဆွာရက်ဇ်က ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly