နေအိမ်မီးရှို့ပြီးဓားဖြင့်ခြိမ်းခြောက်သူကို ဝင်ဖမ်းသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးဒဏ်ရာရ

နေအိမ်မီးရှို့ပြီးဓားဖြင့်ခြိမ်းခြောက်သူကို ဝင်ဖမ်းသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးဒဏ်ရာရ

ပုသိမ်၊ဖေဖော်ဝါရီ ၂၃ ။            ။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ် ၇ နယ်မြေ၊ အောင်သိန္ဒိရပ်ကွက်တွင် ဖေဖော်ဝါရီ  ၂၃ ရက်  နံနက် ၆ နာရီခန့်က လင်မယားစကားများရန်ဖြစ်ကာ   နေအိမ်မီးရှို့ပြီး မီးလာရောက်ငြိမ်းသတ်သူများကို ဓားကိုင်ခြိမ်းခြောက်နေသည့် အတွက် နယ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးက ဝင်ရောက်ဖမ်းဆီးရာဒဏ်ရာရခဲ့ကြောင်းသိရသည်။

  မီးလာရောက် ငြိမ်းသတ်သူများကို ဓားတစ်ချောင်းဖြင့် ရမ်းကားနေသောသည့်အတွက် နယ်ထိန်း ဒုတပ်ကြပ် ခင်မောင်မြတ်မှ ဝင်ရောက်ဖမ်းဆီးခဲ့ရာ တုတ်ဖြင့် ပြန်လည်ရိုက်နှက်ရာ ညာလက်ဖြင့်ကာကွယ်ရာမှ လက်ဖြန်ရိုး ကျိုးသွားခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးလုံးထွေးနေစဉ် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရကြောင်းသိရသည်။

"သူအိမ်ကို သူရှို့တော့ အနားမှာရှိတယ် အိမ်၂လုံးပါ လောင်သွားတယ်၊ပြီး ရပ်ကွက်လူတွေကို ဓါးကိုင်ပြီး ခြိမ်းခြောက်တယ်၊ အခုဝင်ဖမ်းတဲ့သူကို တုတ်နဲ့ရိုက်တယ်၊သူ အိမ်မှာစကားများပြီးတော့ အခုလိုလုပ်တာ"ဟု အနီးနေထိုင်သူတဦးမှပြောသည်။

မီးရှို့သူဦးအောင်မင်းခိုင်အား ပုသိမ်မြို့၊နယ်မြေရဲစခန်းမှ ပ(၇၁) ၂၀၁၆၊မီးရှို့မှု ပုဒ်မ ၄၃၆ဖြင့်လည်းကောင်း၊ တာဝန်ဝတ္တရာထမ်းဆောင်နေသည့် ပြည်သူဝန်ထမ်းကိုအပြင်းအထန်နာကျင်စေမှု ပုဒ်မ၃၃၃ဖြင့်အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly