အိမ်နီးချင်းပြည်နယ်တွင် ဆန္ဒပြမှုများကြောင့် ဒေလီလူဦးရေ ၁၀သန်းကျော် ရေအကျပ်အတည်းကြံုနေရ

အိမ်နီးချင်းပြည်နယ်တွင် ဆန္ဒပြမှုများကြောင့် ဒေလီလူဦးရေ ၁၀သန်းကျော် ရေအကျပ်အတည်းကြံုနေရ

နယူးဒေလီ၊ ဖေဖော်ဝါရီ-၂၃။           ။ အမျိုးဇာတ်အပေါ် အခြေခံသည့် အလုပ်နေရာချထားမှုစနစ်ကို အကြမ်းဖက်ဆန့်ကျင်မှုများက အဓိကကျသည့် ရေလွှတ်တူးမြောင်းကို ပိတ်ဆို့ထားရာ အိန္ဒိယမြို့တော် နယူးဒေလီရှိ လူ ၁၀သန်းကျော်မှာ သောက်သုံးရေမရှိဘဲ နေနေကြရသည်ဟု ဆိုသည်။

အာဏာပိုင်များ၏ အင်္ဂါနေ့က ပြောကြားချက်အရ ဆန္ဒပြမှုများ ဖြစ်ပွားနေရာ အိမ်နီးချင်း မြောက်ပိုင်း ဟာယာနာပြည်နယ်တွင် မူနက်တူးမြောင်းကို ပြင်ဆင်နေသောကြောင့် နယူးဒေလီ၏ ရေပေးဝေမှု အများစုကို ဖြတ်တောက်ထားသည်ဟု ဆိုသည်။

နယူးဒေလီတွင် နေထိုင်သော ၁၇သန်းသော လူဦးရေ အသုံးပြုသည့် ရေ၏ ၆၀ရာခိုင်နှုန်းကို မူနက်တူးမြောင်းက ထောက်ပံ့ပေးနေခြင်း ဖြစ်သည်။

ဆန္ဒပြနေသည့် ကျေးလတ် ဇာတ်နိမ့် ဂျတ်များထံမှ အိန္ဒိယစစ်တပ်က တူးမြောင်းကို ပြန်လည် ရယူထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သော်လည်း ပြင်ဆင်ရဦးမည်ဖြစ်သောကြောင့် ဒေလီြမို့တော်မှ နောက် ၁၅ရပ်အထိ ရေအကျပ်အတည်း ကြုံတွေ့နေနိုင်သေးသည်ဟု အာဏာပိုင်များက သတိပေးခဲ့သည်။

 ‘နောက်နှစ်ရက် သုံးရက်အတွင်းမှာ တစ်စိတ်တစ်ပိုင်းကို ဝန်ဆောင်မှု ပေးနိုင်ပေမယ့်လည်း ၁၀၀ရာခိုင်နှုန်း ရေပေးဝေဖို့ကတော့ ၁၅ရက်လောက်ကြာဦးမယ်’ဟု ရေးပေးဝေရေးဘုတ်အဖွဲ့ အကြီးတန်းအရာရှိ နီးရက် ဆမ်ဝေါက ပြောကြားခဲ့သည်။

ကျေးလတ် ဇာတ်နိမ့် ဂျတ်အနွယ်မှဖြစ်သည့် ဆန္ဒပြသူများမှာ လွန်ခဲ့သည့်ရက်အနည်းငယ်တွင် အမျိုးဇာတ် အခွင့်အရေးကွာခြားမှုများကို ဆန့်ကျင်သည့်အနေဖြင့် ဟာယာနာ၏ လမ်းများပေါ်သို့ ထွက်လာခဲ့ကြသည်။ ရဲများနှင့်  ထိပ်တိုက်တွေ့ရာမှ လူ ၁၉ဦး သေဆုံးခဲ့ရပြီး ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့ကြသည်ဟု ဆိုသည်။

အစဉ်အလာအားဖြင့် ချမ်းသာကြွယ်ဝသောကြောင့် ဇာတ်မြင့်ဟု ယူဆခဲ့ကြသည့် ဂျတ်လူ့အသိုင်းအဝိုင်းကို အစိုးရက ၂၀၁၄ခုနှစ် မတ်လတွင် ခေတ်နောက်ကျသော အမျိုးဇာတ်အဖြစ် သတ်မှတ်ခဲ့သည်။

သို့ရာတွင် နောက်တစ်နှစ်တွင် အိန္ဒိယ အထက်ရုံးတော်က ဆုံးဖြတ်ချက်ကို ပြောင်းပြန်လှန်ပစ်ခဲ့ပြီး ဂျတ်များအနေဖြင့် အိန္ဒိယဖွဲ့စည်းပုံအရ အခြား ခေတ်နောက်ကျသည့် အမျိုးဇာတ်များအတွက် ချန်လှပ်ထားသည့် အစိုးရအလုပ်အကိုင်နှင့် တက္ကသိုလ်ရာထူးများကို ခံစားခွင့်မရသင့်ကြောင်း ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ဂျတ်အသိုင်းအဝိုင်းက အထက်ရုံးတော်၏ ဆုံးဖြတ်ချက်ကို အာခံကာ ဇာတ်နိမ့်များနည်းတူ တန်းတူအခွင့်အရေးပေးရန် ဆန္ဒပြ တေင်းဆိုလာကြခြင်းပင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly