ရွေးကောက်ပွဲအတွက် မြို့နယ်၊ ကျေးရွာအဆင့် ကော်မရှင်အဖွဲ့ခွဲတွေ ဘာတွေပြင်ဆင်ထားပြီလဲ

ရွေးကောက်ပွဲအတွက် မြို့နယ်၊ ကျေးရွာအဆင့် ကော်မရှင်အဖွဲ့ခွဲတွေ ဘာတွေပြင်ဆင်ထားပြီလဲ

နိုဝင်ဘာလအတွင်းမှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားတဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အတွက် မြန်မာနိုင်ငံအတွင်းက မြို့နယ်တွေ၊ ကျေးရွာအဆင့်တွေမှာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတွေအနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လူထုကို ဘယ်လို အသိပညာပေး လုပ်ငန်းတွေ လုပ်နေပြီလည်းဆိုတာကို မဇ္ဈိမ သတင်းထောက် ကေဇူးက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုမောင်ဦး (ရန်ကုန်တိုင်း - ဇရပ်ကွင်း ကျေးရွာ) လေထိုးကျွတ်ဖာ)

ကျွန်တော်တို့ရွာမှာတော့ ရွေးကောက်ပွဲကော်မရှင်ကသော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုခုက သော်လည်း ကောင်းလာပြီး မိုက်နဲ့အော်ခြင်းတို့၊ အသိပညာပေးခြင်းတို့ မရှိပါဘူး။ မဲပေးပိုင်ခွင့်နဲ့ ပတ်သက်ပြီးလည်း ကောက်ယူတာ ကြေညာတာ မရှိသေးပါဘူး။ ကျွန်တော့ဆိုင်က ကားစုံ လူစုံဆိုတော့ တစ်ယောက်တစ်ခွန်း ပြောကြတာနဲ့။ ရွေးကောက်ပွဲလုပ်မယ်  မဲပေးရမယ်ဆိုတာ သိတာပါ။

ကိုတင်ထွန်း( ဧရာဝတီတိုင်း ငပုတောမြို့နယ်၊ ပုသိမ် တက္ကသိုလ် ဒုတိယနှစ်)

ရွေးကောက်ပွဲ လုပ်မယ်ဆိုတာကို သိတယ်လေ။ ပါတီတွေလည်း ရှိတယ်ဆိုတော့ သိတယ်။ ဒါပေမယ့် မဲကို ဘယ်လိုပေးရမလဲဆိုတာ မသိဘူး။ ပြီးခဲ့တဲ့ တစ်လ နှစ်လ လောက်ကတော့ မဲလာကောက် သွားတယ်။ ကျွန်တော် ဒါပဲသိတယ်။တခြားတော့ သိပ်မသိဘူး။

မြသဉ္ဖာမောင် (ပုသိမ်ရေကြောင်း တက္ကသိုလ် တတိယနှစ်)

တီဗီတွေ၊ အွန်လိုင်းတွေက တဆင့်ရွေးကောက်ပွဲ လုပ်မယ်ဆိုတာကို သိပါတယ်။ဘယ်မှာ လုပ်မလဲ ဘယ်လိုမဲပေးရမလဲ ဆိုတာ မသိပါဘူး။ ကိုယ့်မြို့ကနေ မဲပေးရမလား။ အွန်လိုင်းက မဲပေးလို့ မရဘူးလား။ ရွေးကောက်ပွဲ ကော်မရှင်ဆိုတာလည်း မကြားဖူးပါဘူး။ ရပ်ကွက်ထဲမှာ ရှိတာကိုလည်း မသိပါဘူး။

မောင်အောင်မျိုး (ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ဆိုက်ကယ်တက္ကစီ ယာဉ်မောင်း)

မဲစာရင်းတွေ လာ မလာ မသိသေးပါဘူး။ တလောကတော့ မဲပေးမလားဆိုပြီး စာရင်းလာကောက် သွားပါတယ်။ ရပ်ကွက်ထဲမှာ လည်းညနေပိုင်းဆိုရင် လော်စပီကာနဲ့ ရွေးကောက်ပွဲဆိုပြီး လှည့်အော်နေတာတော့ ကြားပါတယ်။ ဘာတွေအော်တာလည်းတော့ အတိအကျ မသိပါဘူး။

ဦးတင်ထွန်း ရခိုင်ပြည်နယ် (ရွေးကောက်ပွဲ ကော်မရှင် ရပ်ကျေးအဖွ့ဲဝင် သံတွဲမြို့နယ် မြပြင်ရွာ)

ရပ်ကျေးကော်မရှင်ထဲမှာတော့ ကျွန်တော့ နာမည်ပါတာပေါ့။ ဒါပေမယ့် ဘာလုပ်ရမယ်ဆိုတာလည်း သိပ်မသိပါဘူး။ ဥက္ကဋ္ဌတွေဘာတွေက အစည်းအဝေး ခေါ်တာလည်း မရှိပါဘူး။ မဲစာရင်း ကောက်တုန်းကတော့ သူတို့ အဖွဲ့နဲ့ တစ်အိမ်တက်ဆင်း လိုက်ကောက်ပေးလိုက်တယ်။ ဒါပါပဲ။ အခြားတော့ ဘာမှ သိပ်လုပ်တာမရှိပါဘူး။ အဖွ့ဲအစည်းကလည်း ဘာမှ မလုပ်တော့ဘူး မဲစာရင်းတွေ ပေးလိုက်ပြီဆိုတော့ ဒါကို အပေါ်က စိစစ်ပြီးရင် ပြီးပြီပေါ့။

မသီရိ (သင်တန်းသူ သင်္ကန်းကျွန်းမြို့နယ်)

ရပ်ကွက်ထဲမှာတော့ ဥက္ကဋ္ဌ ရုံးကနေ မိုက်နဲ့ ဖွင့်တာကြားပါတယ်။ တစ်ခါ တစ်ခါ ညနေပိုင်း ဖွင့်တယ်။ တစ်ခါတစ်ခါ မနက်ပိုင်း ဖွင့်ပါတယ်။ အဓိကကတော့ မဲစာရင်းသွားကြည့်ဖို့ လိုတဲ့အကြောင်းတွေ ပြောပါတယ်။ ကျွန်မတို့က နယ်ကဆိုတော့ ဒီမှာ မဲစာရင်းပါမှာ မဟုတ်တော့ သွားမကြည့်ဖြစ်ပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly