ထိုင်ဝမ် ရေပန်း ဥယျာဉ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား၍ လူပေါင်းရာချီ ဒဏ်ရာရ

ထိုင်ဝမ် ရေပန်း ဥယျာဉ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား၍ လူပေါင်းရာချီ ဒဏ်ရာရ

(တိုင်ပေ)။ ။ ထိုင်ဝမ် ရေပန်းဥယျာဉ်တွင် ပါတီပွဲကျင်းပစဉ် မီးလောင်ကျွမ်းမှုဖြစ်၍ လူပေါင်းရာနှင့်ချီ ထိခိုက်ဒဏ်ရာရရှိရာ ယင်းပွဲစီစဉ်သူများကို စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသည်။

ပါတီစင်မြင့်မှနေ၍ လူပရိသတ်အတွင်းသို့ ရောင်စုံမှုတ်ဆေးများဖြင့် ပန်းပက်စဉ် မီးစတင်လောင်ကျွမ်းခြင်း ဖြစ်သည်။

အစောပိုင်းက ထိခိုက်ဒဏ်ရာရသူပေါင်း ၅၂၄ ဦးရှိသည်ဟု ကြေညာခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ ၄၉၈ ဦးရှိကြောင်း အာဏာပိုင်များက ပြင်ဆင်ကြေညာသည်။

ထိခိုက်ဒဏ်ရာရသူများတွင် ၂၀၂ ဦး၏ အခြေအနေမှာ စိုးရိမ်ရကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။

ယခုရေပန်း ဥယာဉ်ပါတီပွဲ မီးလောင်မှုတွင် ဒဏ်ရာရသူ အများစုမှာ အသက် ၂၀ ဝန်းကျင်များ အများစုဖြစ်သည်။

ရောင်စုံမှုဆေးများ ပက်ဖျန်းသဖြင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်သူများလည်း ရှိခဲ့သည်။

တိုင်ပေမြို့အပြင်တွင်ရှိသည့် ယင်းရေပန်းဥယာဉ်ကို ပိတ်ထားလိုက်ပြီဖြစ်သည်။ အာဏာပိုင်များက မီးလောင်မှု
ဖြစ်ပွားရခြင်းအကြောင်းရင်းခံကို စုံစမ်းစစ်ဆေးဆဲဖြစ်သည့်အချိန်တွင် ယင်းသို့ ရောင်စုံမှုတ်ဆေးပက်ဖျန်းသည့် ပါတီပွဲများကို တားမြစ်ထားသည်။

REF : BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly