အိန္ဒိယမြို့တော်၌ လူဆယ်သန်းကျော် ရေပြတ်လပ်မှု ရင်ဆိုင်နေရ

အိန္ဒိယမြို့တော်၌ လူဆယ်သန်းကျော် ရေပြတ်လပ်မှု ရင်ဆိုင်နေရ

ဆန္ဒပြမှုများ ဖြစ်ပြီးနောက်ပိုင်း အိန္ဒိယမြို့တော် နယူးဒေလီက ရေထောက်ပံ့ရေးနေရာများကို စစ်တပ် က ပြန်လည်ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်သော်လည်း မြို့အတွင်း ရေမရရှိဘဲဖြစ်နေရာ လူဆယ် သန်းကျော်နည်းပါး ရေပြတ်လပ်မှု ရင်ဆိုင်နေရကြောင်း တာဝန်ရှိသူများက ပြောသည်။

ပုံမှန်ရေဖြန့်ဖြူးမှုဆီ ပြန်ရောက်ရန်အတွက် သုံးရက်မှ လေးရက် အချိန်ယူရဦးမည်ဖြစ်ကြောင်း နယူးဒေလီ ရေရရှိရေးဘုတ်အဖွဲ့အကြီးအကဲ ကီရှဗ်ချန်ဒရာက ဘီဘီစီသို့ ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်က အစိုးရအလုပ်များ ပိုမိုရရှိရေး တောင်းဆိုကြသည့် ဇာတ်နိမ့် ဆန္ဒပြသူများက မြို့၏ အဓိကရေပေးဝေရာ မူနက်တူးမြောင်းအား ကျုးကျော် သိမ်းပိုက်ထားခဲ့ခြင် းဖြစ်သည်။

အဆိုပါ သုံးရက်ကြာ အဓိကရုဏ်းအတွင်း လူခုနစ်ဦး သေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရခဲ့ သည်။ မူနက်တူးမြောင်းသည် နယူးဒေလီ မြို့နေလူဦးရေ ၁၆ သန်း၏ ငါးပုံသုံးပုံနီးပါးကို ရေပေးဝေ ပေးနေခြင်း ဖြစ်သည်။

ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း ယင်းတူးမြောင်းရေပေးဝေမှုစနစ် ဖျက်ဆီးခြင်းခံခဲ့ရခြင်း ကြောင့် မြို့ရှိစာသင်ကျောင်းများလည်း ပိတ်ခဲ့ရသည်။

စစ်တပ်က ယင်းတူးမြောင်းနေရာအား ပြန်လည်ထိန်းချုပ်လိုက်နိုင်ပြီဖြစ်သော်လည်း ပြင်ဆင် ရေးအတွက် အချိန်ယူရဦးမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly