ဘင်္ဂလားဒေ့ရှ်တွင် ဟိန္ဒိူဘုန်းကြီးအား အိုင်အက်စ်တို့ ခေါင်းဖြတ်သတ်

ဘင်္ဂလားဒေ့ရှ်တွင် ဟိန္ဒိူဘုန်းကြီးအား အိုင်အက်စ်တို့ ခေါင်းဖြတ်သတ်

ဒါကာ၊ ဖေဖော်ဝါရီ ၂၂ ။              ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမြောက်ပိုင်းတွင် အိုင်အက်စ်အုပ်စုဟုဆိုသည့် အဖွဲ့က ဟိန္ဒူဘုန်းကြီးတစ်ပါးကို ခေါင်းဖြတ်သတ်ကာ အခြားဝတ်ပြုသူနှစ်ဦးကိုလည်း တိုက်ခိုက်၍ ထိခိုက်ဒဏ်ရာများ ရခဲ့ကြသည်။

ထုတ်ပြန်ချက်တစ်ရပ်တွင် အိုင်အက်စ်က ကာလိဖိရ်ဘာသာရေးစစ်သားများက တိုက်ခိုက်မှုများကို အပေါ့စားလက်နက်များဖြင့်ပင် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြခဲ့သည်။

အိုင်အက်စ်နှင့် ချိတ်ဆက်မှုရှိသည့် အမတ်သတင်းအေဂျင်စီကလည်း ယခုတိုက်ခိုက်မှုကို အတည်ပြုထုတ်လွှင့်သည်။

ဘုရားကျောင်းတွင် နေထိုင်သူ အသက် ၄၅ နှစ်ရှိ ဟိန္ဒိူဘုန်းကြီး ဂျိုဂျီဝါအား ပစ္စတိုနှင့် ဓားမြှောင်ကိုင် တိုက်ခိုက်ရေးသမားနှစ်ဦးက ဖေဖော်ဝါရီ ၂၁ ရက်၌ လာရောက်ခေါင်းဖြတ်သတ်ဖြတ် သွားခြင်းဖြစ် သည်။

ဘင်္ဂလားဒေ့ရှ်အစိုးရက နိုင်ငံတွင်း အိုင်အက်စ်လှုပ်ရှားမှုများ မရှိကြောင်း ကြေညာထားသော်လည်း ဂျီဟတ်ဝါဒီများက ဘိုဂရာမြို့တွင် လူတစ်ဦးသေဆုံးသည့် ရှီယိုက်ဗလီတိုက်ခိုက်မှုကို ၎င်းတို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောထားသည်။

ဒါကာရှိ ရှီးယိုက်ဂူဘုရားကျောင်းကိုလည်း အောက်တိုဘာလအတွင်းက ဗုံးခွဲတိုက်ခိုက်ခြင်းကိုလည်း လုပ်ဆောင်ခဲ့ကြောင်း ၎င်းစစ်သွေးကြွဂျီဟတ်များက ဆိုသည်။ ယင်းတိုက်ခိုက်မှု၌ လူတစ်ဦးသေဆုံးပြီး ၈၀ ကျော်ထက်မနည်း ဒဏ်ရာရခဲ့သည်။ သို့သော် ဂျီဟတ်တို့၏ ကြေညာချက်နှင့် ပတ်သက်ပြီး အစိုးရက လက်မခံငြင်းပယ်ထားသည်။

ထိုပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းပင် အောက်တိုဘာလအတွင်းက ဂျပန်နိုင်ငံသားတစ်ဦးနှင့် စက်တင်ဘာလအတွင်းက အီတလီအကူအညီပေးရေးဝန်ထမ်းတစ်ဦးတို့ သတ်ဖြတ်ခြင်းကိုလည်း ၎င်းတို့ကပင် ကျုးလွန်ခဲ့ခြင်းဖြစ်ကြောင်း အိုင်အက်စ်များက ကြွေးကြော်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly