မလေးရှားတွင် မြန်မာကုန်သည်တစ်ဦး ပစ်သတ်ခံရ

မလေးရှားတွင် မြန်မာကုန်သည်တစ်ဦး ပစ်သတ်ခံရ

မလေးရှားနိုင်ငံ ဆီလာယန်းလက်ကားဈေးကွက်တွင် လုပ်ကိုင်နေသည့် ကုန်သည်တစ်ဦးအား ရေမြောင်းတစ်ခုအတွင်း ခေါင်းတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးလျက်သားတွေ့ရှိသည်။

ယခုထိတ်လန့်ဖွယ်လူသတ်မှုကြောင့် ပြီးခဲ့သည့်လအတွင်းက လူအုပ်လိုက် ရန်ပွဲများဖြစ်ပွားခဲ့သည့် ယင်းဈေးကွက်က မြန်မာကုန်သည်များကြား ထိတ်လန့်မှုများ ထပ်မံပေါ်ပေါက်လာခဲ့ရသည်။

သေဆုံးသူ အသက် ၄၆ နှစ်ရှိ ဖော်ဇော်ကာရမ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်က အလုပ်ပါမစ်ကိစ္စဆောင်ရွက်ရန်အတွက် သူငယ်ချင်းတစ်ယောက်နှင့် တွေ့ရန် ဆီလာယန်းဈေးအနီးရှိ ၎င်း၏ နေအိမ်မှ ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း မိတ်ဆွေများက ပြောသည်။

ကာရမ်၏ ဇနီးနှင့် သူငယ်ချင်းဖြစ်သူ ရှာရစ်တို့က သူအိမ်မှထွက်သွားပြီး မကြာမီ ဖုန်းခေါ်ဆိုခဲ့ရာတွင် ပဟေဠိဖြစ်ဖွယ်ကြုံရကြောင်း၊ ယခင်က တစ်ကြိမ်တစ်ခါမှ မပြောဘူးခဲ့သည့် ဘာဟာဆာမလေးဘာသာစကားဖြင့် အလုပ်များလွန်းနေသည်ဟု ပြန်ပြောသည်နှင့် ကြုံရကြောင်း၊ နောက်တစ်ကြိမ်ထပ်ခေါ်ကြည့်ရာတွင် ဖုန်းခေါ်၍ မရတော့ပဲ ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ပြောသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ လာသည့် အမည်မှန် သီဟဖြစ်သူ သေဆုံးသူ ကာရမ်ကို ဖေဖော်ဝါရီ ၁၉ ရက်၌ သေဆုံးရုပ်အလောင်းအား တာမန်ဆီလာယန်းမတ်မူအရပ်ရှိ ရေဆိုးမြောင်းတစ်ခုအတွင်း   ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

၎င်းအား လက်နှင့် ကိုယ်လုံးတို့ကို ကြိုးဖြင့်တုပ်ထားသည်ကို တွေ့ရပြီး မျက်နှာမှာလည်း ပြာနှမ်းနေသည်။ ဦးခေါင်းဘေးဖက်မှ ပစ်ခတ်ခံထားရခြင်းဖြစ်သကဲ့သို့ ဝမ်းဗိုက်တွင်လည်း ပစ်ခတ်ခံထားရသည်။

ကာရမ်၏ အလောင်းမှာ နောက်ဆုံးအိမ်က ထွက်သွားသည့် အဝတ်အစားနှင့် မဟုတ်ကြောင်း သူငယ်ချင်းတစ်ဦးကလည်း ပြောသည်။

"သူမှာ ရန်သူ မရှိပါဘူး။ လူတိုင်းနဲ့ သင့်မြတ်သူပါ။ ဘယ်လိုများ ခုလိုဖြစ်ရလဲမသိဘူး။ ဒီလူသတ်သမားတွေကို အမြန်ဖမ်းရမယ်။"ဟု သူငယ်ချင်းဖြစ်သူ ရှာရစ်က ပြောပြီး ကာရမ်က ဆီလာယန်းသို့ ၁၉၈၉ ခုနှစ်ကတည်းက ရောက်ရှိနေသူတစ်ဦးဖြစ်ကြောင်း ဆိုသည်။

ဆီလာယန်းတွင် မြန်မာအသိုက်အဝန်းအတွက် လုံခြုံမှု စိုးရိမ်ရကြောင်း၊ ကာရမ်အသတ်ခံရမှုကလည်း ယခုနှစ်အတွင်း မြန်မာအလုပ်သမားများအပေါ် ကျုးလွန်သည့် ဒုတိယအကြိမ် အကြမ်းဖက်လုပ်ရပ် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်လအတွင်းက ဆီလာယန်းတွင် ကားနှစ်ဦးဖြင့် လူငါးဦးတို့က တွေ့ရာဝှေ့ယမ်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ယင်းအဖြစ်အပျက်အတွင်း ဒဏ်ရာရသူ သုံးဦးရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly