အာကာသယာဉ်မှူး လိုက်ပါခြင်း မရှိသော SpaceX ဒုံးပျံတစ်စီး လွှတ်တင်အပြီး မိနစ်အနည်းငယ်အကြာတွင် ပေါက်ကွဲ

အာကာသယာဉ်မှူး လိုက်ပါခြင်း မရှိသော SpaceX ဒုံးပျံတစ်စီး လွှတ်တင်အပြီး မိနစ်အနည်းငယ်အကြာတွင် ပေါက်ကွဲ

နိုင်ငံတကာ အာကာသစခန်း ဆီသို့ အထောက်အပံ့ပစ္စည်းများ ပို့ဆောင်ပေးမည့် SpaceX ဒုံးပျံ တစ်စီးသည် တနင်္ဂနွေနေ့က လွှတ်တင်အပြီး မိနစ်အနည်းငယ်အကြာတွင် ပေါက်ကွဲသွားခဲ့သည်။ ထို အာကာသဒုံးပျံယာဉ်တွင် အာကာသယာဉ်မှူး လိုက်ပါခြင်း မရှိပေ။

ဖလော်ရီဒါ ရှိ Cape Canaveral မှနေ၍ ထိုဒုံးပျံအား လွှတ်တင်အပြီး မိနစ်အနည်းငယ် အကြာတွင် ထိုဒုံးပျံမှာ ပေါက်ကွဲသွားခဲ့ခြင်း ဖြစ်ကြောင်း နာဆာ က ဆိုသည်။

ထိုဒုံးပျံ၏ အပိုင်းအစများမှာ အတ္တလန္တိတ် သမုဒ္ဒရာထဲသို့ ကျသွားခဲ့သည်ကို တွေ့ရကြောင်း ဆိုကြသည်။ 

ယခုအဖြစ်အပျက်မှာ နိုင်ငံတကာ အာကာသစခန်းသို့ အထောက်အပံ့ပစ္စည်းများ ပို့ဆောင်ရန် ကြိုးပမ်းမှှု ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ကျရှုံးသွားခြင်း ဖြစ်သည်။ ဧပြီလအတွင်းကလည်း အထောက်အပံ့ပစ္စည်းများ သယ်ဆောင်သွားသော ရုရှားအာကာသယာဉ်တစ်စီးသည် ထိန်းချုပ်မှှု ကင်းလွတ်သွားကာ ကမ္ဘာမြေပေါ်သို့ ပြန်ကျလာခဲ့သည်။

Ref: Fox News

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags