ထိုင်းပြည့်တန်ဆာများကို တောင်ကိုရီးယားဖြိုခွင်း

ထိုင်းပြည့်တန်ဆာများကို တောင်ကိုရီးယားဖြိုခွင်း

ဆိုးလ်၊ ဖေဖော်ဝါရီ ၂၀ ။            ။ ထိုင်းပြည့်တန်ဆာများကို နှိမ်နှင်းမှု၌ ပြည့်တန်ဆာ ၄၈ ဦးနှင့် ဆွယ်ပွဲစား ငါးဦးကို ဖမ်းဆီးခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံက ထိုင်းနိုင်ငံအား ဖေဖော်ဝါရီ ၂၀ ရက်က အသိပေးလိုက်သည်။

တောင်ကိုရီးယားတွင် ရဲတပ်ဖွဲ့နှင့်အတူ ယင်းပြည့်တန်ဆာနှိမ်နှင်းမှုအား အသေးစားသိရှိရန်အတွက် မေးမြန်ထားကြောင်း ထိုင်းရဲဌာနလက်ထောက်ပြောရေးဆိုခွင့်ရှိသူ ရဲမှူး ကရီဆာနာက ပြောသည်။

တောင်ကိုရီးယားသတင်းမီဒီယာများအရ ပြီးခဲ့သည့်နှစ်လယ်က စကာ နိုင်ငံအတွင်း ပြည့်တန်ဆာလုပ်ငန်းနှင့် တရားမဝင်လုပ်ငန်းများကို ဖြိုခွင်းလာရာ ထိုင်းအမျိုးသမီး ၂၀၀ နီးပါးကို ဖမ်းဆီးခဲ့ရကြောင်း၊ ယင်းအနက် အယောက် ၄၀ မှာ လိင်တူဆက်ဆံသူများဖြစ်ကြောင်း သတင်းများဖော်ပြသည်။

တောင်ကိုရီးယားသို့ အမျိုးသမီးများကို ပွဲစားများက အလုပ်အကိုင်ရှာဖွေပေးမည်ဆိုကာ ကမ္ဘာ့လှည့်ခရီးသွားများအသွင်ဖြင့် တင်သွင်းပြီးနောက် ပြည့်တန်ဆာများအဖြစ် အတင်းအကျပ်ခိုင်းစေခြင်းနေ ကြခြင်းဖြစ်သည်။ တောင်ကိုရီးယားသို့ ဝင်ရောက်ရန်အတွက် ထိုင်းနိုင်ငံသားများက ဗီဇာမလိုအပ်ပေ။

ပြီးခဲ့သည့်နှစ်မှစကာ ဆိုးလ်၊ ကွန်ကီဒိုနှင့် ချန်ချောင်းတို့တွင် ပြည့်တန်ဆာဆွယ်ပွဲစားများကို ဖမ်းဆီးခဲ့ကြောင်း တောင်ကိုရီးယာသတင်းများတွင် ဖော်ပြသည်။

ယခု ဖေဖော်ဝါရီ ၁၈ ရက်က ဖမ်းဆီးခဲ့သည့် ပြည့်တန်ဆာ ၄၈ ဦးတွင် ၁၂ ဦးကို ပြည်နှင်ဒဏ်ပေးထားကြောင်း ကရီဆာနာက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly