ရီးယဲလ်တွင် ဆက်ရှိနေမည်ဟု စီရော်နယ်ဒို အတည်ပြု

ရီးယဲလ်တွင် ဆက်ရှိနေမည်ဟု စီရော်နယ်ဒို အတည်ပြု

မီယာမီ၊ ဇွန် ၂၈။ ။ ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုက အသင်းနှင့် ၎င်း၏ကြားတွင် မည်သည့် ပြဿ နာမှ မရှိကြောင်းနှင့် မည်သည့်အသင်းသို့မှ ပြောင်းရွှေ့မည် မဟုတ်ကြောင်း ပြောကြားလိုက်သည်။

စီရော်နယ်ဒိုသည် ပြီးခဲ့သည့်မတ်လကတည်းက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရှော်လ်ကေးအသင်းကို ရှုံးနိမ့်ပြီးနောက် မီဒီယာများနှင့် တွေ့ဆုံ ဖြေကြားခြင်း မရှိခဲ့ပေ။

ရီးယဲလ်အသင်းက နည်းပြအန်စလော့တီကို ထုတ်ပယ်လိုက်ပြီး ဘင်နီတက်ဇ်ကို ခန့်အပ်ခဲ့ပြီးနောက်တွင် စီရော်နယ်ဒို အသင်းပြောင်းမည် ဆိုသည့် သတင်းများ ပိုမို ထွက်ပေါ်လာခဲ့သည်။

သို့သော် ယခုအခါ ထိုကောလာဟလသတင်းများကို စီရော်နယ်ဒိုက ချေဖျက်လိုက်ပြီ ဖြစ်သည်။ 'ထွက်ပေါ်နေတဲ့ မဟုတ်မမှန်သတင်းတွေ ရပ်တန့်သွားပြီး အေးအေးဆေးဆေး ဖြစ်စေလိုပါတယ်' ဟု မီယာမီတွင် အပန်းဖြေနေသည့် စီရော်နယ်ဒိုက မီဒီယာများနှင့် ပထမဆုံးပြန်လည် ဆက်ဆံမှုတွင် ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly