ရမ်သောက်ပြီး လွတ်သွားသည့်မျောက် ဘားထဲတွင် ဓားကိုင်ရမ်းကား

ရမ်သောက်ပြီး လွတ်သွားသည့်မျောက် ဘားထဲတွင် ဓားကိုင်ရမ်းကား

ပါတို့စ်၊ ဘရာဇီး၊ ဖေဖော်ဝါရီ-၁၈ ။          ။ ဘရာဇီးနိုင်ငံမှာ ရမ်အရက် တစ်ဖန်ခွက်သောက်ပြီး မူးနေတဲ့ မျောက်တစ်ကောင်ဟာ မီးဖိုချောင်သုံးဓားကိုင်ပြီး ရမ်းကားနေတဲ့အတွက် သူ့ကို ဖယ်ရှားပေးဖို့အတွက် မီးသတ်သမားတွေကို ခေါ်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

မီးဖိုချောင်သုံးဓားကို ကိုင်ပြီး လူတွေကိုလိုက်လံခြောက်လှန့်နေတဲ့ ရန်လိုနေတဲ့မျောက်တစ်ကောင် ကြောင့် ဖေဖော်ဝါရီ 5 ရက်နေ့ကဘားကိုလာဖို့ အကူအညီတောင်းခံခဲ့ရတာဖြစ်တယ်လို့ Patosမှာရှိတဲ့   ဒေသတွင်းမီးသတ်ဌာနတစ်ခုဖြစ်တဲ့ Paraiba မီးသတ်ဌာနကသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မီးသတ်ဌာန ဒုဗိုလ်မှူးကြီး ဆော လော်ရင်တီနိုရဲ့ ပြောကြားချက်အရ ရမ်တစ်ခွက်သောက်ပြီး မူးယစ်သွားတဲ့ မြောက်ဟာ ဓားကိုင်ပြီး ယောကျ်ားတွေနောက် လိုက်လံခြောက်လှန့်နေပေမယ့်လည်း မိန်းမတွေကိုတော့ ချမ်းသာပေးထားတယ်လို့ ဆိုပါတယ်။

မျောက်က ရမ်အရက်ကို သောက်သုံးပြီး ဓားကို ဆွဲယူလိုက်တာကို ဘားဧည့်ကြိုက သတိမထားမိလိုက်ဘူးလို့ လော်ရင်တီနိုငက aRede ဝဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။

ဒေသခံများက ရိုက်ယူထားတဲ့ဗွီဒီယိုမှာတော့ မျောက်က ဘားအမိုးကို မီးဖိုချောင်သုံးဓားနဲ့ လျှောက်ခြစ်နေတဲ့ပုံကို မြင်ကြရတယ်လို့ ဆိုပါတယ်။

မီးသတ်သမားတွေကထိုမျောက်ကိုဖမ်းဆီးခဲ့ပြီးမှ တောထဲကိုပြန်လွှတ်ပေးခဲ့ပေမဲ့ ဒီပြဿနာရှာတဲ့ မျောက်က သစ်တောအနီး နေအိမ်တွေက လူတွေကို ဒုတိယအကြိမ် ရန်လိုတဲ့ အပြုအမူတွေ ထပ်လုပ်ခဲ့တာကြောင့် ထပ်မံ ဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။

အခုတော့ ဒီအရက်သမားမျောက်ကို ပြန်လွှတ်ပေးရမလား၊ အမြဲတမ်းပဲ ဖမ်းဆီးထိန်းသိမ်းထားရမလားဆိုတာကို ဒေသအာဏာပိုင်တွေ ခေါင်းစားနေကြရတယ်လို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly