သေနတ်ထိမှန်သေဆုံးခဲ့သည့် ဒေါ်ခင်ဝင်းအမှုမှန်ပေါ်ပေါက်ရေး ဆန္ဒပြသူ သုံးဦးကိုတရားစွဲခံရ

သေနတ်ထိမှန်သေဆုံးခဲ့သည့် ဒေါ်ခင်ဝင်းအမှုမှန်ပေါ်ပေါက်ရေး ဆန္ဒပြသူ သုံးဦးကိုတရားစွဲခံရ
ဓာတ်ပုံ- နန္ဒစစ်အောင်

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၈ ။           ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပဋိက္ခတွင် ဒေသခံ ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံးသွားသည့်အတွက် အ မှုမှန်ပေါ်ပေါက်ရေး ဆန္ဒပြမှုဖြင့် (ဗကသ) ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို အပါအဝင်သုံးဦးကို လှိုင် မြို့နယ်တရားရုံးတွင် ပုဒ်မ(၁၈)ဖြင့် အမှုဖွင့် တရားဆွဲဆိုလိုက်ကြောင်း သိရသည်။

ကိုကျော်ကိုကို၊ ကိုနန္ဒစစ်အောင်နှင့် ကိုတင်ထွဋ်ပိုင်တို့အား ၂၀၁၄ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့က ဒေါ်ခင် ဝင်း သေဆုံးမှုအား အမှုမှန်ပေါ်ပေါက်ရန် အင်းယားကန်ဘောင် ဆန္ဒပြမှုတွင် ပါဝင်ပတ်သက်မှု ရှိသည်ဟု ဆိုကာ လှိုင်မြို့နယ် တရား ရုံးတွင် ၂၀၁၆ခုနှစ် ဖေဖေါ်ဝါရီ ၁၈ ရက်နေ့က ရုံးတင်တရားစွဲဆိုခြင်းဖြစ်သည်

အဆိုပါ ဆန္ဒပြမှုသည် အရပ်ဖက်အဖွဲ့အစည်းများက ဦးဆောင်ပြုလုပ်ခြင်း ဖြစ်ပြီး ၎င်းတို့ ဦးဆောင်ပြု လုပ်ခြင်း မဟုတ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကိုနန္ဒစစ်အောင်က ဖေဖေါ်ဝါရီ ၁၈ ရက်နေ့ လှိုင်မြို့နယ် တရားရုံးသို့ ရုံးထုတ်လာစဉ် ပြောသည်။

" ဒီဘက်ခေတ်နိုင်ငံရေးမှာ ဘယ်သူတွေက ဦးဆောင်တယ်။ ဘယ်နေ့ ဘယ်ရက် ဘယ်နေရာ ကိုလာခဲ့ကြပါ ဆိုတာ အွန်လိုင်းပေါ်မှာ တင်ထားပြီးသားဗျာ။ အဲ့ကြားထဲကမှ ကျွန်တော်တို့ကိုဆွဲတယ်ဆိုတာ မရိုးသားမှုပဲဗျ။ ကျွန်တော်တို့ကိုအငြိုးထားမှုပဲ" ဟု ကိုနန္ဒစစ်အောင်က ပြောသည်။

"ကျောင်းသားတွေအပေါ်မှာ နှစ်ဟောင်းနှစ်ဆွေးက အမှုတွေဟာတွေကို ရုံးတင်ပြီး အမှုဖွင့်နေတာ မကောင်း တော့ဘူးဗျ။ ရှေ့နေတွေအတွက်လည်းမကောင်းဘူး။ အဲတော့ အမှုတွေ ပလဗွနဲ့   နောက်အစိုးရအတွက် လက် ဆောင်ထားခဲ့တော့မှာလားလို့ မေးရတော့မလိုပဲဗျ"ဟု ကျောင်းသားများ၏ ရှေ့နေ ဦးရောဘတ်ဆန်း အောင် က ပြောသည်။

၂၀၁၄ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ လျော်ကြေးရယူ ထားခြင်း မရှိသည့် လယ်ယာမြေများပေါ်တွင် ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်သည့် အတွက် လုံခြုံရေးရယူ နေသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများအကြား ပဋိပေက္ခ ဖြစ်ပွားခဲ့ကာ ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ် မှု ကြောင့် ဒေသခံ ဒေါ်ခင်ဝင်း၏ ဦးခေါင်းအား သေနတ်ထိမှန်ကာ   သေဆုံးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမှုအတွက် ၂၀၁၆ခုနှစ် မတ် ၃ ရက်နေ့ တွင် ထပ်မံ ရုံးထုတ်သွားမည် ဖြစ်ကြောင်းလည်း သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly