ငပုတောမြို့နယ် မြစ်တရာချောင်းရေလျံကာ အိမ်ခြေ ၁၂၈လုံရေနစ်မြုပ်၊ ဒေသခံ ၆၀၃ဦးကို အရေးပေါ် ကယ်ဆယ်

ငပုတောမြို့နယ် မြစ်တရာချောင်းရေလျံကာ အိမ်ခြေ ၁၂၈လုံရေနစ်မြုပ်၊ ဒေသခံ ၆၀၃ဦးကို အရေးပေါ် ကယ်ဆယ်

ရန်ကုန် (မဇ္ဈိမ) ။ ။ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ သင်းကျောင်းကျေးရွာအုပ်စုနှင့် ဝက်ကော်ရွာရှိ အိမ်ခြေ ၁၂၈လုံး မြစ်တစ်ရာချောင်း ရေလျံကာ နစ်မြုပ်ခဲ့သဖြင့် ဒေသခံ ၆၀၃ဦးကို အရေးပေါ်ကယ်ဆယ်ခဲ့ရသည်ဟု တိုင်းဒေသကြီးအစိုးရ အတွင်းရေးမှူး ဦးအေးကျော်က ဇွန်လ ၂၈ရက်တွင် မဇ္ဈိမကိုပြောသည်။

"လူအသေအပျောက်မရှိပါဘူး။ ဒီရေကလည်း တက်တယ်၊ တောင်ကျရေရယ်ပေါင်းပြီး ရေကြီးတာ၊ အားလုံးကို ရွှေ့ပြောင်းကယ်ဆယ်ပြီး၊ မရမ်းကုန်းရွာက စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ ထားထားပါတယ်။ ကားလမ်းပေါ်ကို ၃ပေလောက်တက်တာ အခုတော့ ၁ပေလောက်ပြန်ကျနေပြီ" ဟု ၎င်းကဆိုသည်။

ငပုတောမြို့နယ် အတွင်းရှိ သင်းကျောင်းကျေးရွာ အုပ်စုမှ အိမ်ခြေ ၃၉လုံးနှင့် ဝက်ကော်ကျေးရွာမှ အိမ်ခြေ ၈၉လုံးတို့က နံနက် ၅နာရီခွဲတွင် မြစ်တစ်ရာချောင်းရိုးအတွင်း တောင်ကျရေနှင့် ပင်လယ်ဒီရေတို့ တစ်ပြိုင်နက် ကျဆင်းမှုကြောင့် ရေနစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှသိရသည်။

ကမ်းရိုးတန်းဒေသများဖြစ်ကြသော ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း အနောက်ခြမ်း နဲ့ တောင်ခြမ်းတို့တွင် ရေဖုံးလွှမ်းခံရမှုမြင့်မားကာ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း မြေနိမ့်ပိုင်းနှင့် လယ်ကွင်းများတွင် ရေဖုံးလွှမ်းခံရမှု အသင့်အတင့်အခြေအနေ ရှိနေသေးသည်ဟု မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က နောက်နှစ်ရက်အတွက် မိုးလေဝသခန့်မှန်းချက်ကို ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly