သူ့အရိုက်အရာကို ဆက်ခံမည်သူသည် သတ္တိရှိသူသာ ဖြစ်သင့်ဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးပြော

သူ့အရိုက်အရာကို ဆက်ခံမည်သူသည် သတ္တိရှိသူသာ ဖြစ်သင့်ဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးပြော
ဓာတ်ပုံ - ဖြိုးသီဟ

ရန်ကုန်၊ဖေဖော်ဝါရီ ၁၈ ။            ။ နောင်လာမည့်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌလုပ်မည့်သူသည် လွတ်လွတ်လပ်လပ်ရဲရဲဝံ့ဝံ့ဖြင့် လုပ်ကိုင်နိုင်သည့် သတ္တိရှိသူသာဖြစ်သင့်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးက မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌလုပ်မည့်သူတစ်ယောက် အနေဖြင့် အစိုးရပြောတာလုပ်မည့်သူမျိုး မဖြစ်ရန်လိုကြောင်း၊ဥပဒေမူဘောင် အတိုင်းခိုင်ခိုင်မာမာ သတ္တိရှိစွာဖြင့် လုပ်ရဲသည့်သူမျိုးဖြစ်ရန်လိုကြောင်း ဦးတင်အေးက ပြောသည်။

"ရွေးကောက်ပွဲပြီးတော့ ကိုယ့်လည်း ပူညံပူညံလာလုပ်တာဘဲ ကိုယ်ကပြန်တွယ်လွှတ်လိုက်တာဘဲ မင်းတို့ဘက်လိုက်တယ်ထင်လား မတရားလုပ်တယ် ထင်လား ဥပဒေမူဘောင်အတိုင်း ကန့်ကွက်လာတင် မှန်မှန်ကန်ကန်ဆုံးဖြတ်ပေးမယ် မင်းငါ့ကိုယ်ဘာမှလာမပြောနဲ့ ဒါဘဲ" ဟု ဦးတင်အေးက ပြီးခဲ့သည့်ရွေးကောက်ပွဲ အတွေ့အကြုံကို ရှင်းပြသည်။

ကျင်းပပြီးစီးခဲ့သည့်ရွေးကောက်ပွဲတွင်အတွေ့အကြုံ ဗဟုသုတနည်းခဲ့သည့် အတွက်လုပ်ငန်းစဉ် အဆင့်ဆင့်တွင်အားနည်းခဲ့ကြောင်း၊ကော်မရှင်ပိုင်းအနေဖြင့်လုပ်စရာအများကြီး ကျန်နေသေးကြောင်း၊ ပြီးခဲ့သည်များကိုသုံးသပ်ကာ မကောင်းသည်များကို ဖယ်ထုတ်သွားမည်ဖြစ်ပြီး ကောင်းသည့် အချက်များကို ယူဆောင်ကာနောင် လာမည့် ရွေးကောက်ပွဲကော်မရှင်ကို ပြောခဲ့မည်ဖြစ်ကြောင်း ဦးတင်အေး ကပြောသည်။

ရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ၆အရ ရွေးကောက်ပွဲကော်မရှင်အဖွဲ့၏သက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်းဖြစ်ပြီး သက်တမ်းကုန်းဆုံးသော်လည်း လက်ရှိတာဝန် ထမ်းဆောင်နေသော ကော်မရှင်အဖွဲ့သည် ရွေးကောက်ပွဲတွင် ၈၀ရာခိုင်နှုန်းကျော် အနိုင်ရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်မည့် အစိုးရအဖွဲ့က ရွေးကော်ပွဲကော်မရှင်အဖွဲ့သစ်တစ်ရပ် ဖွဲ့စည်းပြီးချိန်အထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly