ဟိုးပေချိုင်းနားဖော်ကျွန်းအသင်းသို့ လာဗက်ဇီပြောင်းရွှေ့

ဟိုးပေချိုင်းနားဖော်ကျွန်းအသင်းသို့ လာဗက်ဇီပြောင်းရွှေ့

ဖေဖော်ဝါရီ ၁၈၊ ပေကျင်း ။            ။ ပီအက်စ်ဂျီတိုက်စစ်မှူး လာဗက်ဇီသည် ပေါင် ၂၃ ဒသမ ၅ သန်းခန့်တန်းကြေးရှိနှစ်နှစ်စာချုပ်ဖြင့် တရုတ်စူပါလိဂ်ကလပ် ဟိုးပေချိုင်းနားဖော်ကျွန်းသို့ ပြောင်းရွှေ့ သွားသည်။

လာမည့်နွေရာသီတွင်စာချုပ်သက်တမ်းကုန်တော့မည့် အာဂျင်တီးနားလက်ရွေးစင်ကို ချယ်လ်ဆီးနှင့် အင်တာမီလန်တို့က ချိတ်ဆက်မှုများရှိ ခဲ့ကြသည်။

သို့သော်အသက် ၃၀ အရွယ်ရှိတိုက်စစ်မှူးသည် ဘီလျံနာဝမ့်ဝမ်ခူး ပိုင်ဆိုင်သည့် ပေကျင်းအခြေစိုက်အသင်းကိုသာ ရွေးချယ်သွားခဲ့ခြင်းဖြစ် သည်။

တရုတ်စူပါလိဂ်၏အပြောင်းအရွှေ့ကာလမှာ ဖေဖော်ဝါရီ ၂၆ တွင်ကုန်ဆုံးမည်ဖြစ်ပြီး ကလပ်များသည် ပေါင်သန်း ၂၀၀ ကျော်သုံးစွဲထားကြ သည်။

ကျန်းစုဆုနင်အသင်းသည် ဘရာဇီးကွင်းလယ်ကစားသမားများဖြစ်သည့် အဲလက်စ်တက်ရှီရာနှင့်ရာမီးယက်စ်တို့အတွက် ပေါင် ၆၃ ဒသမ ၄ သန်းသုံးစွဲထားပြီး ကွမ်ကျိုးအဲဗားဂရန်ဒီအသင်းက အက်သလက်တီကိုတိုက်စစ်မှူး မာတီနက်ဇ်အတွက် ပေါင် ၃၁ သန်းသုံးထားသည်။

"သူရောက်လာတာက အသင်းတိုက်စစ်ကိုပိုထက်မြက်စေလိမ့်မယ်။ သူရဲ့ ရဲရင့်တဲ့စိတ်ဓါတ်ကို ကျွန်တော်တို့ကြည့်ချင်နေပြီ"ဟု ၂၀၁၂ တွင် နာပိုလီမှ ပီအက်စ်ဂျီသို့ ပေါင် ၂၃ သန်းဖြင့်ပြောင်းခဲ့ဖူးသည့် လာဗက်ဇီနှင့်ပတ်သက်ပြီး ဟိုးပေအသင်းက ပြောသည်။

လာဗက်ဇီသည် ဟိုးပေအသင်းတွင် အာဆင်နယ်တိုက်စစ်မှူးဟောင်း ဂါဗင်ဟို၊ ကင်မရွန်းအသင်းခေါင်းဆောင် အမ်ဘီယာတို့နှင့် ပူးပေါင်းရ မည်ဖြစ်သည်။

တရုတ်စူပါလိဂ်ပြိုင်ပွဲမှာ မတ် ၄ တွင် စတင်ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ပြည်ပကစားသမားငါးဦးခေါ်ယူခွင့်ရှိပြီး အာရှ ကစားသမားတစ်ဦးပါဝင်ရမည်ဖြစ်သည်။ ပွဲချိန်အတွင်း နိုင်ငံခြားသားလေးဦးအထိ ထည့်သွင်းကစားခွင့်ရှိသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly