ထရန့်သမ္မတ ဖြစ်လာလိမ့်မည်မဟုတ်ကြောင်း အိုဘားမားယုံကြည်

ထရန့်သမ္မတ ဖြစ်လာလိမ့်မည်မဟုတ်ကြောင်း အိုဘားမားယုံကြည်

လော့စ်အိန်ဂျလိ၊ ဖေဖော်ဝါရီ - ၁၇ ။          ။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ရီပတ်ဘလီကင် သမ္မတလောင်း ဒေါ်နယ် ထရန့်မှာ ရွေးကောက်ခံရလိမ့်မည်ဟု သူ မယုံကြည်ကြောင်း ပြောကြားခဲ့ပြီး ထရန့်၏ ရုပ်သံအစီအစဉ်မှာလည်း မီဒီယာများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်ရန်သက်သက်မျှသာ ဖြစ်ကြောင်း ဝေဖန်ခဲ့သဝည်။

အိုဘားမားက အိမ်ခြံမြေ ကုဋေကြွယ်သူဌေးကြီးကို ဝေဖန်ရုံသာမက သူ့ကို ဆက်ခံအစားထိုးရန် ကြိုးစားနေကြသည့် ရီပတ်ဘလီကင် သမ္မတလောင်းအားလုံး၏ ပြဿနာများသည့် ပြောဆိုချက်များ ကိုလည်း ထိုးနှက်ခဲ့သည်။

သို့ရာတွင် အိုဘားမားက ထရန့်ကို အထူးဇောင်းပေး၍ ဝေဖန်ခဲ့ပြီး အမေရိကန်များအနေဖြင့် ဘာ့ကြောင့် ထရန့်ကို မရွေးကောက်သင့်သည်ဟူသည့် သူ၏ အကဲဖြတ်ချက်ကိုလည်း အကျယ်တဝင့် ရှင်းပြခဲ့သည်။

‘မစ္စတာထရန့် သမ္မတဖြစ်လာမှာမဟုတ်ဘူးလို့ ကျနော် ယုံကြည်နေတုန်းပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ အမေရိကန်ပြည်သူတွေကို ကျနော် အများကြီး ယုံကြည်ထားလို့ပါပဲ။ သမ္မတဆိုတာ အရေးကြီးတဲ့အလုပ်လို့ ပြည်သူတွေက သဘောပေါက်ထားကြတယ်လို့ ကျနော်ထင်ပါတယ်’ဟု အိုဘားမားက ကယ်လီဖိုးနီးယားတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

‘သမ္မတအလုပ်ဆိုတာက ရုပ်သံအစီအစဉ်တင်ဆက်နေတာ မဟုတ်သလို၊ အရောင်းမြှင့်တင်နေတာလည်း မဟုတ်ဘူး။ ဈေးကွက်ရှာနေတာလည်း မဟုတ်ဘူး။ သမ္မတအလုပ်က ခက်ခဲပါတယ်’ဟု အာဆီယံ ၁၀နိုင်ငံ ခေါင်းဆောင်များနှင့် ညီလာခံ၏ ဘေးပန်းအနေဖြင့် မစ္စတာ အိုဘားမားက သတင်းထောက်များကို ပြောကြားခဲ့သည်။

‘ဒါက အခါခပ်သိမ်း လူ့အလိုလိုက်ရတာမဟုတ်သလို၊ နေ့တိုင်း သတင်းတွေထဲပါနေအောင် လုပ်ရတာမျိုးလည်း မဟုတ်ပါဘူး။ ရံခါမှာ ပြည်သူတွေကမကြိက်နိုင်တဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ချရတာပါပဲ’ဟုလည်း အိုဘားမားက ထပ်လောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly