ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ဒမ်ဘာဘားကို ပေါင် ၉သန်းဖြင့် ရှန်ဟိုင်းရှင်ဟွာအသင်းခေါ်ယူ

ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ဒမ်ဘာဘားကို ပေါင် ၉သန်းဖြင့် ရှန်ဟိုင်းရှင်ဟွာအသင်းခေါ်ယူ

ဇွန် ၂၈၊ ရှန်ဟိုင်း။ ။ ဘီဆစ်တပ်ခ်အသင်းမှ ဝက်စ်ဟမ်း၊ နယူးကာဆယ်နှင့်ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ဒမ်ဘာဘားကို ပေါင် ၉သန်းဝန်းကျင်ဖြင့်ခေါ်ယူလိုက်ပြီ ဟု ရှန်ဟိုင်းရှင်ဟွာအသင်းက ကြေညာလိုက်သည်။

အသက် ၃၀ အရွယ်ရှိ ဆီနီဂေါလက်ရွေးစင်တိုက်စစ်မှူးသည် ဝက်စ်ဘရွန်းအသင်းသို့ပြောင်းမည်ဟု သတင်းထွက်နေသော်လည်း ရှန်ဟိုင်း နှင့်စာချုပ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သတင်းများထပ်မံထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး ဘီဆစ်တပ်ခ်အသင်းက အတည်မပြုရသေးသော်လည်း ရှန်ဟိုင်းအသင်းက ဒမ်ဘာဘား၏ဓါတ်ပုံဖြင့် "ရှန်ဟိုင်းအသင်းက ကြိုဆိုပါတယ်"ဟု အသင်းပိုင်ဝက်ဘ်ဆိုက်တွင် စနေနေ့ကရေးထားသည်။

တူရကီလိဂ်တွင် ၄၄ ပွဲကစား ၂၇ ဂိုးသွင်းပြီး အောင်မြင်မှုရထားသည့် ဒမ်ဘာဘ၏ဆုံးဖြတ်ချက်မှာ အံ့အားသင့်ဖွယ်ရာအဖြစ် ထွက်ပေါ်လာခဲ့ ခြင်းဖြစ်သည်။

၂၀၀၅ ခုနှစ်တွင် ရိုအန်အသင်းနှင့်စတင်ခဲ့သော ယင်းခရီးသွားတိုက်စစ်မှူးသည် ပရော်ဖက်ရှင်နယ်ကလပ် ခုနစ်အသင်းအတွက် ကစားပေးခဲ့ ပြီးဖြစ်သည်။

ကစားသမားဘဝတွင် ခြေစွမ်းပြဂိုးအသွင်းနိုင်ဆုံးမှာ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းတွင် ၂၀၁၁-၁၂ ၌ကစားခဲ့စဉ်က ဖြစ်ပြီး ၃၄ ပွဲကစား ၁၆ ဂိုးသွင်းခဲ့ကာ အသင်းကို ယူရိုပါလိဂ်ဝင်ခွင့်ရအောင် ကူညီပေးနိုင်ခဲ့သည်။

အာရှသို့လာကစားသည့် ပရီးမီးယားလိဂ်ကစားသမားမှာ ဒမ်ဘာဘားကပထမဆုံးမဟုတ်ဘဲ ၂၀၁၂ နှင့် ၂၀၁၃ ကြားတွင် ချယ်လ်ဆီးတိုက်စစ်မှူး ဟောင်း ဒရော့ဘာသည် ရှန်ဟိုင်းမြို့ခံအသင်းတွင် လာရောက်ကစားခဲ့ဖူးသည်။ မန်ယူကွင်းလယ်ကစားသမားဟောင်း နစ်ကီဘတ်သည် လည်း ၂၀၁၀ တွင် တောင်တရုတ်၌ ကာလတိုကစားခဲ့ဖူးသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly