မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်ရေး ဆယ်လအတွင်း ၉ ဘီလီယံကျော်

မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်ရေး ဆယ်လအတွင်း ၉ ဘီလီယံကျော်
မြန်မာ-တရုတ် နယ်စပ် မူဆယ် နယ်စပ်ဂိတ်မှ ကုန်ကားတစ်စီးကို တွေ့ရစဉ်။ (ဓာတ်ပုံ-မဇ္ဈိမ)

မြန်မာနှင့် တရုတ်နှစ်နိုင်ငံကြားက ကုန်သွယ်မှုသည် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်၏ ဧပြီမှ ဇန်နဝါရီ ဆယ်လအတွင်း အမေရိကန်ဒေါ်လာ ၉ ဒသမ ၄ ဘီလီယံရှိခဲ့ကြောင်း ကုန်သွယ်ရေးဌာန သတင်းရင်းမြစ်တစ်ရပ်က ပြောသည်။

ယင်းကာလအတွင်း မြန်မာနိုင်ငံက ရေနံနှင့် သဘာဝဓာတ်ငွေ့နှင့် အတူ စိုက်ပျိုးရေးထွက်ကုန်များကို တရုတ်သို့ တင်ပို့ခဲ့ခြင်းဖြစ်သည်။

မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုက ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိခဲ့ကြောင်း တရားဝင်စာရင်းဇယားများအရ သိရသည်။

ထိုပမာဏစုစုပေါင်းတွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ကုန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံရှိပြီး တရုတ်မှ တင်သွင်းသည့် နှုန်းသည် အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံအထိ ရောက်ရှိခဲ့သည်။

ယင်းအချိန်တွင်း မြန်မာနိုင်ငံက တရားဝင်စာရင်းများအရ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုသည် စီမံကိန်းပေါင်း ၁၁၅ ခုရှိပြီး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၄၁၈ ဘီလီယံရှိရာ ၁၉၈၈ နောက်ပိုင်း မြန်မာနိုင်ငံက တံခါးဖွင့်လှစ်လိုက်ပြီးနောက်ပိုင်း ၂၀၁၅ ဒီဇင်ဘာ မတိုင်မီ စုစုပေါင်း နိုင်ငံခြားစီးပွားရေးလုပ်ငန်းများမှ ဝင်ငွေ၏ ၂၆ ဒသမ ၀၇ ရာခိုင်နှုန်းရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly