ထိုင်းတွင် သံဃာများနှင့် စစ်သားများ ပဋိပက္ခထိပ်တိုက်ဖြစ်ပွား

ထိုင်းတွင် သံဃာများနှင့် စစ်သားများ ပဋိပက္ခထိပ်တိုက်ဖြစ်ပွား

ထိုင်းနိုင်ငံ ဘန်ကောက်အနောက်ပိုင်းရှိ ပတ်သာမွန်သွန်ဗုဒ္ဓဥယျာဉ်တွင် ဖေဖော်ဝါရီ ၁၅ ရက်က သံဃာတော်များ စုဝေးရာတွင် ဝင်ပေါက်ကို စစ်သားများ အတားအဆီးများ ချထား ပိတ်ကန့်လာပြီးနောက် သံဃာတော်အပါး ရာပေါင်းများစွာနှင့် စစ်သားများ ထိပ်တိုက်ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

၂၀၁၄ စစ်အာဏာသိမ်းပြီး ပထမဆုံးဖြစ်သည့် လူထုစုဝေးမှုဖြစ်သည့် ဥယျာဉ်အတွင်း ဘုန်းကြီးသံဃာများ၏ စုရုံးမှုတွင် လူစုလူဝေးမပြုလုပ်ရန် စစ်အာဏာသိမ်းအစိုးရ၏ တားမြစ်ချက်အား ချိုးဖောက်မှု အဖြစ် စစ်သားများက ဝင်ပေါက်ကို လာရောက်ပိတ်ခြင်းဖြစ်ရာ ဘုန်းကြီးများက စစ်တင့်ကားများသို့ ချည်းကပ်လာခဲ့ကြပြီး တွန်းထိုးရုန်းကန်မှုများဖြစ်ပွားခဲ့သည်။

လက်ရှိပူးတွဲ သံဃဂိုဏ်းချုပ်ဆရာတော်ကြီးအား အမြဲတမ်းခန့်အပ်ရေး ချက်ချင်းတောင်းဆိုရန်အတွက် ဘုန်းကြီးနှင့် ဗုဒ္ဓဘာသာဝင် ၃၀၀၀ ကျော်ထက်မနည်း ပတ်သာမွန်သွန်ဗုဒ္ဓဥယျာဉ်တွင် စုံရုံးရောက် ရှိခဲ့ကြခြင်းဖြစ်သည်။

ယင်းသို့ စုရုံးမှုတွင် ကျောင်းထိုင်ဘုန်းတော်ကြီး Phra Dhammachayo ကို လူဝတ်လဲရန် လျှောက်ထားခဲ့သည့် ရှေးရိုးစွဲ ဆရာတော်တစ်ပါးဖြစ်ပြီး နိုင်ငံရေးတက်ကြွဆောင်ရွက်သည့် ဘုန်းကြီး Buddha Issara ကို ဆန့်ကျင်ကန့်ကွက်ကြောင်းလည်း ဖော်ထုတ်ပြသခဲ့သည်။

ယင်းနေ့ဖေဖော်ဝါရီ ၁၅ ရက်နောက်ပိုင်းတွင် စစ်တပ်က ဥယျာဉ်သို့ အဝင်ပေါက်ကို ပြန်လည်ဖယ်ရှားပေးခဲ့သည်။ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကလည်း စုရုံးသံဃာတော်များနှင့် သဘောတူညီမှုယူကာ အခြေအနေကိုထိန်းသိမ်းရန် ရဲနှင့် စစ်တပ်ကို ညွန်ကြားထားခဲ့ကြောင်း အစိုးရအိမ်တော်မှ သတင်းရင်းမြစ်က ပြောသည်။

“ဝန်ကြီးချုပ်က အခြေအနေတွေ ပိုဆိုးပြီး အထိန်းအချုပ်မဲ့သွားမှာကို မလိုလားပါဘူး။”ဟု ယင်းသတင်းရင်းမြစ်က ပြောသည်။ ဝန်ကြီးချုပ်ချန်အိုချာအနေဖြင့် ၎င်း၏ သက်တမ်းအတွင်း သံဃဂိုဏ်းအုပ် ဆရာတော် ခန့်အပ်ခြင်းမှ သံဃာတော်များကြား ပဋိပက္ခများ ဆိုးဝါးလာမည်ကို စိုးရိမ်ကြောင်းလည်း ယင်းသတင်းရင်းမြစ်က ထပ်လောင်းပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly