ဗယ်လင်တိုင်းဒေးတွင် ဆားဘီးယား၌ အနမ်းပြိုင်ပွဲကျင်းပခဲ့

ဗယ်လင်တိုင်းဒေးတွင် ဆားဘီးယား၌ အနမ်းပြိုင်ပွဲကျင်းပခဲ့

ဗန်းဂျက်ကာဘန်ဂျာ၊ ဖေဖော်ဝါရီ ၁၅ ။            ။ ချစ်သူများနေ့ အခါသမယဖြစ်သည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ဆားဘီးယားနိုင်ငံ အပန်းဖြေဆိပ်ကမ်းမြို့ဖြစ်သည့် ဗန်းဂျက်ကာဘန်ဂျာမြို့တွင် လူရာပေါင်းများစွာ ပါဝင်သော အနမ်းပြိုင်ပွဲကို ကျင်းပခဲ့သည်။

ယခုနှစ် ဗယ်လင်တိုင်းချစ်သူများနေ့တွင် ယင်းမြို့၌ kiss me အနမ်းပြိုင်ပွဲကို ကျင်းပခဲ့ရာ ၆၈ မိနစ်ကြာနမ်းနိုင်သည့် လူငယ်စုံတွဲတစ်တွဲ့ ဗိုလ်စွဲအနိုင်ရသွားခဲ့သည်။

စုံတွဲပေါင်း ၂၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သည့် kiss me အနမ်းပြိုင်ပွဲတွင် အနိုင်ရသည့် ဘိုဇစ်နှင့် ဘွန်နက်ဆိုသည့် စုံတွဲမှာ ယင်းပြိုင်ပွဲများအတွင်း လေးကြိမ်မြောက် အနိုင်ရခြင်းလည်ဖြစ်သည်။
နှစ်စဉ် ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့တိုင်း အနမ်းပြိုင်ပွဲကို ယင်းမြို့အတွင်း ကျင်းပလာခဲ့သည်မှာ ရှစ်နှစ်တိုင်ရှိပြီဖြစ်သည်။

အပန်းဖြေဆိပ်ကမ်းမြို့ဖြစ်၍ ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ယင်းမြို့တွင် ယခုအနမ်းပြိုင်ပွဲသည်လည်း ခရီးသွားများအတွက် ဆွဲဆောင်မှုတစ်ရပ်ဖြစ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly