အစွန်းရောက်တိုက်ခိုက်မှုများ ဆက်တိုက်ပေါ်ပေါက်လာခြင်းအပေါ် ကမ္ဘာခေါင်းဆောင်များ ရှုတ်ချ

အစွန်းရောက်တိုက်ခိုက်မှုများ ဆက်တိုက်ပေါ်ပေါက်လာခြင်းအပေါ် ကမ္ဘာခေါင်းဆောင်များ ရှုတ်ချ

ပြင်သစ်၊ ကူဝိတ်နှင့် တူနီးရှားတို့တွင် ဇန်နဝါရီ ၂၆ ရက်က လူပေါင်းဒါဇင်ချီသေဆုံးခဲ့သည့် သံသယအစွန်းရောက်တိုက်ခိုက်မှုများ ဆက်တိုက်ကျုးလွန်ခြင်းအပေါ် အမေရိကန်နှင့် ကုလသမဂ္ဂခေါင်းဆောင်များက တစ်ညီတစ်ညွတ်တည်း ရှုတ်ချကန့်ကွက်ခဲ့ကြ သည်။

အိမ်ဖြူတော်က စည်းလုံးမှုကို ပြသကာ အစွန်းရောက်တိုက်ခိုက်မှုများကို ချေမှုန်းသွားမည်ဟု ကြေညာပြီး တိုက်ခိုက်မှုများဖြစ်ပွား ခဲ့သည့် အဆိုပါသုံးနိုင်ငံကို လိုအပ်သည့်အကူအညီများ ကမ်းလှမ်းလိုက်သည်။

ရမဇန်မွတ်စလင်ဥပုသ်လအတွင်းဖြစ်ပွားသည့် ယင်းတိုက်ခိုက်မှုများအကြောင်းကို သမ္မတအိုဘားမားလည်း သိရှိပြီးဖြစ်ကြောင်း လက်ထောက်များက ပြေသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ယခုတိုက်ခိုက်မှုများအပေါ် ပြင်းထန်စွာရှုတ်ချလိုက်ပြီး ကျုးလွန်သူများကို တရားဥပဒေနဲ့ အညီအရေးယူနိုင်အောင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယခုတိုက်ခိုက်မှုများသည် အိုင်အက်စ်တို့ကရမဇန်ကာလအတွင်းတိုက်ခိုက်မှုများလုပ်ဆောင်သွားရန်အဖွဲ့သြဇာခံများသို့တိုက်တွန်း ပြီးနောက်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ရာ ယခုတိုက်ခိုက်မှုများက ချိတ်ဆက်လုပ်ဆောင်ခဲ့ကြခြင်းဖြစ်မဖြစ်ကို မသိရှိရသေးပေ။

ပြင်သစ်တွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုမှာ ဓာတ်ငွေ့စက်ရုံပိုင်ရှင်တစ်ဦးကို ခေါင်းဖြတ်သတ်ပြီး အာရပ်စာတမ်းများပါ အိတ်အတွင်း ခေါင်းပြတ်အား ထည့်ထားခြင်းဖြစ်သည်။ တူနီရှားတွင် ကမ်းခြေ၌ သေနတ်သမားက ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုတွင် လူ ၃၇ ဦးသေဆုံးခဲ့သည်။ ကူဝိတ်တွင် ဗလီကို အစ္စလာမ်မစ်နိုင်ငံဂျီဟတ်ဝါဒီက အသေခံဗုံးဖောက်ခွဲ ခဲ့ခြင်းဖြစ်ပြီး လူပေါင်း ၂၅ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

Ref: Yahoo News

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly