နာပိုလီကို အနိုင်ရခဲ့ခြင်းမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာအတွက် အလွန်အရေးပါဟု အယ်လီဂရီဆို

နာပိုလီကို အနိုင်ရခဲ့ခြင်းမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာအတွက် အလွန်အရေးပါဟု အယ်လီဂရီဆို

တူရင်၊ ဖေဖော်ဝါရီ ၁၄ ။            ။ နာပိုလီအသင်းကို အနိုင်ရခဲ့ခြင်းသည် စိတ်ဓာတ်ပိုင်းဆိုင်ရာအတွက် အလွန်အရေးပါသည့် နိုင်ပွဲဟု ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက ပြောဆိုလိုက်သည်။

ဂျူဗင်တပ်စ်အသင်းသည် တိုက်စစ်မှူး ဇာဇာ၏ သွင်းဂိုးတစ်ဂိုးတည်းဖြင့် နာပိုလီကို အနိုင်ရခဲ့ပြီး အမှတ်ပေးဇယား ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ဂျူဗင်တပ်စ်အသင်းသည် စီးရီးအေတွင် ၁၅ ပွဲဆက်တိုက် အနိုင်ရခဲ့ခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် အယ်လီဂရီမှာ စီးရီးအေချန်ပီယံဆုကို ငါးနှစ်ဆက်တိုက် ရရှိမည်ဟု ယုံကြည်လျက်ရှိသည်။

'နာပိုလီအသင်းက တကယ်ကို ကောင်းမွန်စွာ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ကြိုးစားကစားခဲ့ပြီး သူတို့ကို အခွင့်အရေးအနည်းငယ်ပဲ ပေးရအောင် လုပ်နိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲက လွယ်ကူတဲ့ နိုင်ပွဲတော့ မဟုတ်ပါဘူး။

ကျွန်တော်တို့ စီးရီးအေချန်ပီယံဆုကို ရယူနိုင်စွမ်းရှိတယ်ဆိုတာကို ပြသနိုင်ခဲ့တာပါ။ ပွဲတွေအများကြီးကစားဖို့ ကျန်သေးပေမယ့် ဒီနိုင်ပွဲက စိတ်ဓာတ်ပိုင်းဆိုင်ရာအတွက် အလွန်အရေးပါတဲ့ နိုင်ပွဲ ဖြစ်ပါတယ်' ဟု ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက ပြောဆိုခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် လက်ရှိတွင် ရမှတ် ၅၇ မှတ် ရရှိထားပြီး နာပိုလီအသင်းထက် တစ်မှတ်အသာဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly