ဘင်္ဂလားဒေ့ရှ်မြောက်ပိုင်းတွင် ၁၂ ရာစုခေတ် ဗုဒ္ဓဂူဘုရားကျောင်းတွေ့ရှိ

ဘင်္ဂလားဒေ့ရှ်မြောက်ပိုင်းတွင် ၁၂ ရာစုခေတ် ဗုဒ္ဓဂူဘုရားကျောင်းတွေ့ရှိ

ဒါကာ၊ ဖေဖော်ဝါရီ ၁၄ ။         ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမြောက်ပိုင်း ဂျဲဟာခါအရပ်တွင် ၁၂ ရာစု ပါလခေတ်ကာလက တည်ဆောက်ခဲ့ဖွယ်ရှိသည့် ဗုဒ္ဓဘာသာဂူဘုရားကျောင်းအား တူးဖော်တွေ့ရှိသည်။

နှစ်ဆက်မြောက် ဓမ္မပါလက မြို့တော်တည်ထောင်ခဲ့၍ ၎င်းအမည်သမုတ်ခေါ်ဝေါ်သည့် ဓမ္မပါလဂတ်နယ်မြေရှိ တူးဖော်ရေးလုပ်ကွက်၌ ရှေးဟောင်းသုတေသနဌာန အဖွဲ့တစ်ဖွဲ့က ယခုဂူဘုရားကျောင်းအား တွေ့ရှိခြင်းဖြစ်သည်။

ဇန်နဝါရီ ၁ ရက်စကာ ယင်းတူးဖော်ရေးနယ်မြေတွင် လုပ်ငန်းများ ဆောင်ရွက်လာခဲ့ခြင်းဖြစ်ပြီး ခုနစ်ဦးပါ တူးဖော်ရေးအဖွဲ့၏ ဦးစီးဖြစ်သူ မူဂျီဘာရက်မန်းက ဂူဘုရားကျောင်း၏ အထက်ပိုင်းသည် ပျက်စီးလျက်ရှိနေပြီး အောက်ပိုင်းနေရာတစ်ချို့လည်း မြေအောက်နစ်မြုပ်နေဆဲဖြစ်ကြောင်း ပြောသည်။

တွေ့ရှိဂူဘုရားကျောင်းနေရာတွင် ရွှံ့အိုးအပိုင်းအစများကို တွေ့ရှိရကြောင်း၊ စကျင်ကျောက်အပြောက်အမွှမ်းများကိုလည်း တွေ့ရှိရသည်ဆိုသည်။

တူးဖော်ထားသည့် အုတ်ရိုး၏ အရှည်မှာ ၂၅ မီတာရှည်ပြီး အထူ ၀ ဒသမ ၈၅ မီတာရှိသည်။

မြေဧက ၃၀ နီးပါး ကျယ်ဝန်းသည့် ဓမ္မပါလဂတ်နယ်မြေအပါအဝင် အနီးနားရှိနေရာများကို ၁၉၈၇ ခုနှစ်အတွင်းက အစိုးရက သမိုင်းတန်ဖိုးအရေးကြီးသည့် နေရာများအဖြစ်   ရှေးဟောင်းသုတေသန တူးဖော်ရေးနယ်မြေများအဖြစ် သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly