လာလီဂါလအလိုက်အကောင်းဆုံးဆုကို မက်ဆီပထမဆုံးအကြိမ်ရရှိ

လာလီဂါလအလိုက်အကောင်းဆုံးဆုကို မက်ဆီပထမဆုံးအကြိမ်ရရှိ

ဖေဖော်ဝါရီ ၁၃၊ ဘာစီလိုနာ။              ။ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီသည် ကစားသမားဘဝတွင် ပထမဆုံးအကြိမ်အဖြစ် လာလီဂါတစ်လတာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြီဖြစ်သည်။

လာလီဂါတွင်လအလိုက်အကောင်းဆုံးဆုများကို ၂၀၁၃-၁၄ ဘောလုံးရာသီမှစတင်ချီးမြှင့်ခြင်းဖြစ်ပြီး ရွှေဘောလုံးဆုငါးကြိမ်ရ မက်ဆီအနေဖြင့် ယခင် ၂၂ ကြိမ်တွင် တစ်ကြိမ်မှ ရယူနိုင်ခဲ့ခြင်းမရှိပေ။

အသက် ၂၈ နှစ်ရှိ အာဂျင်တီးနားအသင်းခေါင်းဆောင်မှာ လာလီဂါ ငါးပွဲတွင် ခြောက်ဂိုးသွင်းပြီးနောက် ဇန်နဝါရီလအတွက် အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုမှာ ၂၀၁၃ စက်တင်ဘာတွင်စတင်ပေးအပ်သည့် ယင်းဆုကို နှစ်ကြိမ်ရရှိဖူးသည်။ မက်ဆီသည် ပြီးခဲ့ သည့် နိုဝင်ဘာတွင် နေမာရရှိပြီးနောက် ယင်းဆုကိုရရှိသည့် ဒုတိယမြောက်ဘာစီလိုနာကစားသမားလည်းဖြစ်လာခဲ့သည်။

ဇန်နဝါရီလအတွင်းဘာစီလိုနာအသင်း လာလီဂါ ငါးပွဲတွင် လေးပွဲအနိုင်ရခဲ့ရာ၌ မက်ဆီသည် ဂရန်နာဒါနှင့်ပွဲတွင် ဟက်ထရစ်သွင်းနိုင်ခဲ့ပြီး ဘီလ်ဘာအို၊ မာလာဂါ၊ အက်သလက်တီကိုတို့နှင့်ပွဲများတွင်လည်း တစ်ဂိုးစီသွင်းနိုင်ခဲ့သည်။

ရည်ညွှန်း BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly