တတိယမြောက် Ubuntu OS သုံး စမတ်ဖုန်းကို Canonical ကုမ္ပဏီ ထုတ်လုပ်မည်

တတိယမြောက် Ubuntu OS သုံး စမတ်ဖုန်းကို Canonical ကုမ္ပဏီ ထုတ်လုပ်မည်

Canonical ကုမ္မဏီ အနေဖြင့် ၎င်းတို့၏ ဒုတိယမြောက် Ubuntu OS သုံး စမတ်ဖုန်းကို ဇွန်လ အစောပိုင်းက မိတ်ဆက် ခဲ့ပြီးနောက် တတိယမြောက်မျိုးဆက်ဖြစ်သည့် Meizu MX4 ကို ဆက်လက်ထုတ်လုပ်သွားမည်ဟု The Verge သတင်းဌာန က ဖော်ပြထားသည်။

Meizu MX4 ကို ရောင်းဈေး အမေရိကန်ဒေါ်လာ ၃၃၄ ဒေါ်လာသတ်မှတ်ထားပြီး ဥရောပ ဈေးကွက်တွင် စတင် ရောင်းချ သွားမည်ဟု The Verge သတင်းက ဆိုထားသည်။ Meizu MX4 ကို ဇွန်လအကုန်ပိုင်းတွင် စတင် ရောင်းချလိမ့်မည်ဟုလည်း သတင်းများက ဆိုသည်။

Meizu MX4 သည် အရွယ်အစား ၅ ဒသမ ၃၆ လက်မ ရှိမည်ဖြစ်ပြီး မျက်နှာပြင်အရည်အသွေး 1152 x 1920 Pixels ရှိမည်ဟု လည်း သတင်းများက ဆိုထားသည်။ ကင်မရာအရည်အသွေး 20.7MP ပါဝင်မည်ဖြစ်သည်။ CPU အရည်အသွေး quad-core 1.7GHz ကို တပ်ဆင်ထားသည်။

ဖုန်းအတွင်းသိုမှီးနိုင်မှု ပမာဏ 16GB ရှိမည်ဖြစ်ပြီး SD ကတ်များဖြင့် ထပ်မံတိုးချဲ့နိုင်မည် မဟုတ်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly