ဖေ့ဘွတ် အကောင့်မလိုဘဲ မက်ဆေ့ပေးပို့သည့် အက်ပလီကေးရှင်းသီးသန့် အသုံးပြုနိုင်ပြီ

ဖေ့ဘွတ် အကောင့်မလိုဘဲ မက်ဆေ့ပေးပို့သည့် အက်ပလီကေးရှင်းသီးသန့် အသုံးပြုနိုင်ပြီ

လန်ဒန်၊ ဇွန် ၂၇ ။    ။ ကမ္ဘာကျော်လူမှုကွန်ရက် ဖေ့ဘွတ်က ၎င်း၏ မက်ဆေ့ပေးပို့သည့် မိုဘိုင်း App ကို ဖေ့ဘွတ် အကောင့်ရှိ ရန် မလိုဘဲ အသုံးပြုနိုင်ရန် ဆောင်ရွက်ထားသည်ဟု T3 သတင်းဌာနက ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ဖေ့ဘွတ်အကောင့်မရှိဘဲ Messenger App ကို အမေရိကန်၊ ကနေဒါ၊ ပီရူး နှင့် ဗင်နီဇွဲလား နိုင်ငံတို့တွင် အသုံးပြုနိုင်ပြီဖြစ်သည်။

ဖေ့ဘွတ်က ၎င်း၏ လူမှုကွန်ရက်ကို ပိုမိုကျယ်ပြန့်စေရန်အတွက် ဖေ့ဘွတ်မှ Messenger App ကို သီးသန့်ခွဲ ထုတ်ခဲ့ခြင်းဖြစ် သည်ဟု သတင်းများက ဖော်ပြထားသည်။

ဖေ့ဘွတ်က Messenger App ကို ၎င်းတို့ အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံခန့် အသုံးပြုပြီး ဝယ်ယူထားသည့် WhatApps ကဲ့သို့ ဖြစ်စေရန်အတွက် ဆောင်ရွက်လာခြင်း ဖြစ်သည်ဟုလည်း T3 သတင်းဌာနက ဖော်ပြထား သည်။

လက်ရှိအချိန်တွင် သီးသန့်တည်ရှိသည့် မက်ဆေ့ပေးပို့သည့် App များတွင် WhatApps နှင့် LINE တို့က လူသုံး အများဆုံး ဖြစ်နေသည်ဟုလည်း T3 သတင်းကဆိုသည်။

Messenger App ကို အသုံးပြုရန်အတွက် ယခင်ကဲ့သို့ ဖေ့ဘွတ်အကောင့်ရှိရန်လိုအပ်မည် မဟုတ်ဘဲ ဖုန်းနံပါတ် ဖြင့် အကောင့်ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး ဖုန်းခေါ်ဆိုမှုနှင့် စာသားမက်ဆေ့ချ်ပေးပို့ မှုများဆောင်ရွက်နိုင် မည်ဖြစ်သည်။

သို့သော်လည်း လက်ရှိအသုံးပြုနေသည့် ဖေ့ဘွတ်အကောင့်မှ ဆက်သွယ်မှု များကိုမူ ရယူနိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly