နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကန့် သတ်ချက်များ ဗီယက်နမ်ဖြေလျှော့ပေးမည်

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကန့် သတ်ချက်များ ဗီယက်နမ်ဖြေလျှော့ပေးမည်

ဟနွိုင်း၊ ဇွန် ၂၇ ။      ။ ရှယ်ယာများ စတော့အိတ်ချိန်းတွင် စာရင်းဝင်သော ကုမ္ပဏီများတွင် နိုင်ငံခြားသားများ၏ ပိုင်ဆိုင်မှုအပေါ် ကန့်သတ်ချက်များကို ပယ်ဖျက်ပေးတော့မည်ဖြစ်ပြီး ယင်းသို့ဆောင်ရွက်ခြင်းမှာ ရင်းနှီးမြုပ်နှံမှုများ ပြည်ပမှ စီးဝင်လာစေ ရန်နှင့် ဈေးကွက်မတည်ငြိမ်မှုကို လျှော့ချရန်ဖြစ်နိုင်သည်။

နိုင်ငံခြားသားရင်းနှီးမြုပ်နှံသူများအား လုပ်ငန်းများစွာတွင် မဲပေးနိုင်သော ရှယ်ယာပိုင်ဆိုင်ခွင့်ကို လက်ရှိ ၄၉ ရာခိုင်နှုန်းးမှ ၁၀၀ ရာခိုင်နှုန်းအထိတိုးမြင့်ပေးမည်ဟု ဇွန် ၂၆ ရက်နောက်ပိုင်းက အစိုးရ၏ ဝက်ဘ်ဆိုက်တွင် ကြေညာချက် တစ်ခုထုတ်ပြန်ထား သည်။

သို့သော်လည်း ပြောင်းလဲမှုက မည်သို့မြန်မြန်ဆန်ဆန် အသက်ဝင်မည်ကို တိတိကျကျမဖော်ပြခဲ့ပေ။ သို့သော်လည်း ကြေညာ ချက်အရ ဘဏ်များတွင် နိုင်ငံခြားရင်းနှီမြုပ်နှံမှုအပေါ် ထိန်းချုပ်ကန့်သတ်ချက်မှာ ၃၀ ရာခိုင်နှုန်းသာရှိတော့မည်ဖြစ်သည်။

လက်ရှိတွင် နိုင်ငံခြားပိုင်ဆိုင်မှု ၄၉ ရာခိုင်နှုန်းအကန့်အသတ်ရှိ ကုမ္ပဏီ ၃၀ခန့်ရှိသည်ဟု ဟနွိုင်းအခြေစိုက် VNDirect Securities JSC စတော့ကုမ္ပဏီက ပြောကြားသည်။ ဈေးကွက်၏ ဆွဲဆောင်မှုအရှိဆုံး ကုမ္ပဏီများတွင် ၎င်းတို့ ဆန္ဒရှိသလောက် ရှယ်ယာအများအပြားကို မဝယ်ယူနိုင်သေးဟု Templeton Emerging Markets Group နှင့် Dragon Capital Group Ltd တို့အပါအဝင် ရင်းနှီးမြုပ်နှံသူများက ပြောကြားခဲ့သည်။

"အကန့်အသတ်တွေ မြင့်မားလာလာခြင်း ခိုင်မာတဲ့ ထိပ်တန်းကုမ္ပဏီကြီးတွေမှာ အပြေးအလွှားသွားပြီး ရှယ်ယာတွေဝယ်တာ ကို တွေ့ရမှာပါ"ဟု ဟိုချီမင်းစီးတီးရှိ VinaSecurities JSC ရှိ အဖွဲ့အစည်းအသင်းအပင်းဆိုင်ရာအရောင်းဋ္ဌာနအကြီးအကဲ ပက်ထရစ်မစ်ချဲလ်က ပြောကြားခဲ့သည်။

VN Index ဗီယက်နမ်စတော့ဈေးကွက်၏ စံအမှတ်မှာ ယခုနှစ်တွင် ၆ဒသမ၆ ရာခိုင်နှုန်းရရှိခဲ့ရာ အရှေ့တောင်အာရှတွင် အကောင်းဆုံးဖြစ်သွားခဲ့သည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုမှာ စတော့ဈေးကွက်ကြီးထားရေးအတွက် သော့ချက်တစ်ခုအဖြစ် ဗီယက်နမ်စည်းကမ်းဥပဒေထိန်းသိမ်းသူများက ယူဆထားသည်။

"ရင်းနှီးမြုပ်နှံမှုအကန့်အသတ်တွေကို အဆုံးသတ်လိုက်တာဟာ ဗီယက်နမ်ကို ဆွဲဆောင်မှုအရှိဆုံး အာရှဈေးကွက်ထဲကို ရောက် ရှိစေမဲ့ ကစားပွဲကိုပြောင်းလဲစေတဲ့အရာ ဖြစ်ပါတယ်"ဟု ဟိုချီမင်းစီးတီးအခြေစိုက် အတိုင်ပင်ကုမ္ပဏီ၏ ရင်းနှီးမြုပ်နှံမှုအရာရှိချုပ် အန်ဒီဟိုက ပြောကြားခဲ့သည်။ ၎င်းကုမ္ပဏီက ပိုင်ဆိုင်မှု ဒေါ်လာ ၁ဒသမ၄ဘီလျံကို စီမံခန့်ခွဲနေသည်။

အစိုးရက မဟာဗျူဟာမြောက်အဖြစ်သတ်မှတ်ထားသော ကဏ္ဍများကိုမူ ရင်းနှီးမြုပ်နှံမှု ဆက်လက်ကန့်သတ်ထားဖွယ်ရှိသည်ဟု မစ္စတာဟိုက ပြောကြားခဲ့သည်။ ယင်းကဏ္ဍများတွင် ဘဏ်လုပ်ငန်း၊ ဆက်သွယ်ရေး၊ လေကြောင်းလိုင်းနှင့် ကာကွယ်ရေးတို့ ပါဝင်သည်။

ပြည်ပရင်းနှီးမြုပ်နှံသူများသည် ဇွန် ၂၅ ရက်အထိ ယခုနှစ်တွင် ဗီယက်နမ်စတော့ ဒေါ်လာ ၁၃၅ဒသမ၆သန်းဘိုး ဝယ်ယူခဲ့ကြ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly