နာဇီအကျဉ်းစခန်း အော့စဝစ် အစောင့်တပ်သားဟောင်း ရင်းဟိုး ဟန်းနင်းကို ဂျာမနီတွင် ရုံးတင်စစ်ဆေး

နာဇီအကျဉ်းစခန်း အော့စဝစ် အစောင့်တပ်သားဟောင်း ရင်းဟိုး ဟန်းနင်းကို ဂျာမနီတွင် ရုံးတင်စစ်ဆေး

ဘာလင်၊ ဖေဖော်ဝါရီ-၁၁ ။                      ။ ၉၄နှစ်အရွယ် အော့စဝစ်အကျဉ်းစခန်းမှ နာဇီ အက်စ်အက်စ် တပ်သားဟောင်းတစ်ယောက်မှာ အနည်းဆုံး လူပေါင်း ၁၇၀၀၀၀ကို သတ်ဖြတ်မှုဖြင့် ဂျာမနီတွင် ရုံးတင် စစ်ဆေးခံရတော့မည်ဖြစ်သည်။

အစိုးရရှေ့နေ (ဆွဲချ)များ၏ ပြောကြားချက်အရ ရင်းဟိုး ဟန်းနင်းမှာ သိမ်းပိုက်ထားသည့် ပိုလန်ရှိ အကျဉ်းစခန်းသို့ ဆိုက်ရောက်လာသည့် ဂျူးအကျဉ်းသားများကို တွေ့ဆုံပြီး အချို့ကို အဆိပ်ငွေ့သုတ်သင်ခန်းများသို့ စောင့်ကျပ်ပို့ဆောင်ပေးခဲ့ရသူ ဖြစ်ဖွယ်ရှိသည်ဟု ဆိုသည်။

မစ္စတာ ဟန်းနင်းက အက်စ်အက်စ် အစောင့်တပ်သားဖြစ်ခဲ့သည်ကို ဝန်ခံသော်လည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများတွင်တော့ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိဟု ငြင်းဆန်ထားသည်။

ဟန်းနင်းကို ဒတ်မိုးမြို့တွင် ရုံးတင်စစ်ဆေးလျှက်ရှိပြီး အလားတူ အမှုအမျိုးအစားတွင် နောက်ဆုံးအမှုဖြစ်နိုင်သည်ဟု ဆိုသည်။

မစ္စတာဟန်းနင်းမှာ လက်ကျန် နာဇီအစောင့်တပ်သားဟောင်း ယောကျ်ား၄ယောက်နှင့် မိန်းမတစ်ယောက်ထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ကျန်သုံးယောက်ကိုလည်း လာမည့်လများတွင် ရုံးတင်စစ်ဆေးသွားမည်ဖြစ်သည်ဟု ဆိုသည်။

နာဇီများက အော့စ်ဝစ်အကျဉ်းစခန်းတွင် လူပေါင်း ၁.၁သန်းကို သတ်ဖြတ်ခဲ့ရာတွင် အများစုမှာ ဂျူးလူမျိုးများဖြစ်သည်။

မစ္စတာဟန်းနင်းမှာ ၁၉၄၃မှ ၄၄ခုနှစ်အထိ အော့စ်ဝစ်အကျဉ်းစခန်းတွင် အက်စ်အက်စ်အစောင့်တပ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သိန်းနှင့်ချီသော ဟန်ဂေရီဂျူးများကို ထိုအကျဉ်းစခန်းတွင်ပင် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ထိုအကျဉ်းစခန်းမှာ အသက်မသေဘဲ လွတ်မြောက်လာသူများက မစ္စတာဟန်းနင်းအမှုတွင် သက်သေထွက်ဆိုကြမည်ဖြစ်သည်။

‘ခေါင်းတိုင်တွေက မီးခိုးတွေထွက်နေတယ်။ လူ့အသားကို မီးလောင်တဲ့ ညှော်နံ့က မခံမရပ်နိုင်လောက်အောင်ကို မွှန်ထူနေတယ်’ဟု အော့စ်ဝစ်အကျဉ်းသားဟောင်း ၉၄နှစ်အရွယ် လီယွန် ရှဝါ့ဇ်ဘန်းက အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

မကြာသေးမီကာလအထိ အစိုးရရှေ့နေများမှာ တရားခံများ သတ်ဖြတ်မှုများတွင် တိုက်ရိုက် ပါဝင်ပတ်သက်မှုရှိမရှိ ဆုံးဖြတ်ရန် သက်သေအထောက်အထား လိုအပ်နေခဲ့သည်။

သို့ရာတွင် ၂၀၁၁ခုနှစ်က နာဇီသိမ်းပိုက်ထားသည့် ပိုလန်တွင် အကျဉ်းစခန်းလုပ်သားအဖြစ် ၎င်း၏ လုပ်ရပ်များမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သည့် သဘောသက်ရောက်သောကြောင့် တရားသူကြီးတစ်ဦးက ဂျွန် ဒမ်ဂျမ်ဂျက်ဆိုသူကို အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်သည်မှစ၍ အခြေအနေမှာ ပြောင်းလဲသွားခဲ့သည်။

ယမန်နှစ်က ဂျာမန်တရားရုံးတစ်ခုက အသက် ၉၄နှစ်အရွယ် အော့စကာ ဂရိုးနင်းကို အော့စ်ဝစ်တွင် လူပေါင်း ၃၀၀၀၀၀ကို သတ်ဖြတ်ရာတွင် အားပေးအားမြှောက်ပြုမှုဖြင့် ထောင် ၄နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly