ပရိသတ်များကို ပြန်လည်တောင်းပန်ပြီး လက်မှတ်စျေးနှုန်း တိုးမြှင့်မည် မဟုတ်ဟု လီဗာပူးလ် ကြေညာ

ပရိသတ်များကို ပြန်လည်တောင်းပန်ပြီး လက်မှတ်စျေးနှုန်း တိုးမြှင့်မည် မဟုတ်ဟု လီဗာပူးလ် ကြေညာ

လီဗာပူးလ်၊ ဖေဖော်ဝါရီ ၁၁ ။           ။ လီဗာပူးလ်အသင်းသည် လက်မှတ်ဈေးနှုန်း တိုးမြှင့်ရန် ပြင်ဆင်ခဲ့ခြင်းနှင့် ပတ်သက်၍ အသင်းပရိသတ်များကို ပြန်လည်တောင်းပန်ခဲ့ပြီး လာမည့်ရာသီသစ်တွင် လက်မှတ်ဈေးနှုန်း တိုးမြှင့်တော့မည် မဟုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

လီဗာပူးလ်အသင်းအား ပိုင်ဆိုင်သည့် Fenway Sports Group သည် လာမည့်ရာသီသစ်တွင် အန်ဖီးလ်ကွင်း၏ ပွဲစဉ်တစ်ပွဲ အမြင့်ဆုံး လက်မှတ်ဈေးနှုန်းကို ၇၇ ပေါင်သို့ လည်းကောင်း တစ်ရာသီစာ လက်မှတ်ဈေးနှုန်းကို ပေါင် ၁,၀၀၀ အထိ လည်းကောင်း တိုးမြှင့်မည်ဟု ကြေညာခဲ့သည်။

ထိုကဲ့သို့ ကြေညာခဲ့ပြီးနောက်တွင် လီဗာပူးလ်ပရိသတ်များသည် ဆန်းဒါးလန်းနှင့် ၂-၂ သရေကျခဲ့သည့်ပွဲ၌ အသင်း၏ ထုတ်ပြန်ကြေညာချက်ကို ဆန့်ကျင်သည့်အနေဖြင့် အမဲရောင် အလံများဝှေ့ ယမ်းခြင်း၊ ဆိုင်းဘုတ်များကိုင်ဆောင်ကာ ကန့်ကွက်ခြင်း ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် ပရိသတ် ၁ သောင်းခန့်မှာ လက်မှတ်ဈေးနှုန်းတိုးမြှင့်ခြင်းကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် စုပေါင်းဆန္ဒ ပြခဲ့ကြ သည်။

ထို့ကြောင့် လီဗာပူးလ်အသင်းအာဏာပိုင်များမှာ ထိုပွဲအပြီး ၄၈ နှစ်ရာအတွင်း အစည်းအဝေးပြုလုပ်ခဲ့ကြသည်။ ထို့နောက်တွင် စာလုံးရေ ၉၃၇ လုံးပါရှိသော ထုတ်ပြန်ကြေညာချက်တစ်ခုထုတ်ပြန်ကာ လက်မှတ်ဈေးနှုန်း တိုးမြှင့်တော့မည် မဟုတ်ကြောင်းနှင့် ပရိသတ်များကို တောင်းပန်မှုပြုလုပ်ခဲ့သည်။

ထိုကဲ့သို့ ထုတ်ပြန်ကြေညာခဲ့သည့်ဆိုလိုရင်းမှာ လီဗာပူးလ်အသင်းအနေဖြင့် လာမည့် ရာသီသစ်နှစ်ခုတွင် ဈေးအကြီးဆုံးလက်မှတ်ကို ၅၉ ပေါင်၊ တစ်ရာသီစာ လက်မှတ်ကို ၈၆၉ ပေါင် အဖြစ်သာ ထားရှိတော့မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly