ကမ္ဘောဒီးယားတွင် မိဘမဲ့ဂေဟာအုပ်ချုပ်သူ ကလေးငယ်များအပေါ် အလွဲသုံးစားလုပ်မှုကြောင့် ထောင်ချခံရ

ကမ္ဘောဒီးယားတွင် မိဘမဲ့ဂေဟာအုပ်ချုပ်သူ ကလေးငယ်များအပေါ် အလွဲသုံးစားလုပ်မှုကြောင့် ထောင်ချခံရ

ကိုလံဘို၊ ဖေဖော်ဝါရီ ၁၁ ။        ။ ကမ္ဘောဒီးယားနိုင်ငံတွင် မိဘမဲ့ဂေဟာ ညွန်ကြားရေးမှူးဖြစ်သူကို ကလေးငယ်များအား အလွဲသုံးစား မလျော်မကန်ဆက်ဆံခြင်းအတွက် ထောင်ဒဏ်သုံးနှစ် တရားရုံးက ချမှတ်လိုက်သည်။

ဖနွမ်းပင်မြို့တွင်ရှိသည့် Our Home မိဘမဲ့ဂေဟာမှ ညွန်ကြားရေးမှူး အသက် ၄၆ နှစ်ရှိ ဟန်ဗီဘိုအား ကလေးငယ် ၁၁ ဦးအပေါ်တွင် အလွဲသုံးစားဆက်ဆံမှုအတွက် ပြီးခဲ့သည့်နှစ်အတွင်းက ဖမ်းဆီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဟန်သည် ယခင်က ကမ္ဘောဒီးယားတွင် ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ တပ်မက်မှုများကို လိုက်လံဖော်ထုတ်သည့် APLE အင်န်ဂျီအိုအဖွဲ့၏ ညွန်ကြားရေးမှူးဟောင်းတစ်ဦးဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံသည် ကလေးလိင်ဆက်ဆံမှုများအတွက် နိုင်ငံခြားသားများကို ဆွဲဆောင်နေရာ နာမည်ဆိုးကျော်ကြားနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

၂၀၀၄ ခုနှစ်က APLE အဖွဲ့မှ ဟန်က နှုတ်ထွက်ပြီး ယခုအလွဲသုံးစားမှုပေါ်ပေါက်သည့် Our Home မိဘမဲ့ဂေဟာကို တည်ထောင်ဆောင်ရွက်ခြင်းဖြစ်သည်။ ယခင် APLE မှ လုပ်ဖော်ကိုင်ဖက်များက ၎င်းက ရဲက ထောက်လှမ်စစ်ဆေးမှုတွင် ကူညီခဲ့ကြသည်ဟုလည်း သိရသည်။

ဖနွမ်းပင်တရားရုံးက ဟန်အား ၁၅ နှစ်အောက် ကလေးငယ် ၁၁ ဦးအပေါ် မလျော်မကန်ဆက်ဆံပြုမူမှုဖြင့် ဖေဖော်ဝါရီ ၁၀ ရက်တွင် ထောင်ဒဏ်သုံးနှစ်ချမှတ်စီရင်ခဲ့ခြင်းဖြစ်သည်။

ထိုပြင်လည်း ၎င်းအား ငွေဒဏ် ဒေါ်လာ ၂၀၀၀ ကိုလည်း ဒဏ်ရိုက်ကာ ကလေးများအနက် ငါးဦးအား နစ်နာကြေးအဖြစ် စုစုပေါင်း ဒေါ်လာ ၇၅၀၀ ကိုလည်း ပေးဆောင်ရန် အမိန့်ချမှတ်လိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly